ခွေးတူ၊ ဝက်တူ Wolverine များ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များစာရင်းမှာ ပါဝင်လာ
ရောင်နီ (NSS) - ဒီဇင်ဘာ ၁
မြောက်အမေရိကရဲ့ Wolverine (ခေါ်) ခွေးတူ၊ ဝက်တူ မျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်လုနီးပါးမျိုးစိတ်များ အက်ဥပဒေအောက် တရားဝင်စာရင်းသွင်းခံထားရပြီး ဖက်ဒရယ်အကာအကွယ်များ ပေးသွားမယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၂၉ ရက်) မှာ ကြေညာခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ပူနွေးလာတဲ့အပူချိန်ဟာ အစားအစာ၊ မျိုးပွားမှုနဲ့ရှင်သန်မှုအတွက် မှီခိုနေရတဲ့ ၎င်းတို့ရဲ့ အသိုက်တွေကို လျော့နည်းသွားစေတယ်လို့ ဆိုပါတယ်။ မျိုးသုန်းလုဆဲဆဲ တိရစ္ဆာန်များ စာရင်းထဲ Wolverine တွေ ကိုထည့်လိုက်ခြင်းဟာ အမျိုးမျိုးသော ပတ်ဝန်းကျင်ဥပဒေများအောက် တရားဝင် အကာအကွယ်များဖြစ်ပေါ်စေ ပြီး အကောင်အရေအတွက် ကျဆင်းခြင်းမှ တားဆီးပေးနိုင်ပါတယ်။
Wolverine တွေဟာ မြောက်အမေရိက နေရာများ၊ အောက်ပိုင်း ပြည်နယ် ၄၈ ခု၊ မြောက်ပိုင်း Rocky တောင်ဘက်နဲ့ မြောက်ဘက် ကက်စ်ကေးရှင်းများအထိ ပြန့်နှံ့နေထိုင်ကြပါတယ်။
၂ဝ၂ဝ ပြည့်နှစ်က လေ့လာမှုတစ်ခုမှာ အပူချိန်မြင့်မားမှုဟာ Wolverine တွေရဲ့အစားအစာများ သိုလှောင်မှု သက်တမ်းကို လျော့ကျစေပြီး ပူနွေးတဲ့ရာသီဥတုဟာ ၎င်းတို့ရဲ့အစားအစာအရင်းအမြစ်များ သိုလှောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် လာမယ့်ဆယ်စုနှစ်များအတွင်း Wolverine တွေရဲ့အကောင်အရေအတွက် ပိုမိုလျော့နည်းလာမယ်လို့ ခန့်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"ပါတီစုံဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့ တပ်မတော် တစ်သားတည်းရှိနေပါတယ်" ဗိုလ်ချုပ်မှူးကြီးပြောကြား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း