ရုရှားတပ်ဖွဲ့များက ယူကရိန်းမြို့တော်ကိယက်ဗ်ကို ကြီးမားသော ဒရုန်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော
Pika (NSS) - နိုဝင်ဘာ ၂၅
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းမြို့တော် ကိယက်ဗ်ကို ကြီးမားသော ဒရုန်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ရုရှားစစ်တပ်သည် ကိယက်ဗ်မြို့တော် တစ်ဝှမ်းကို နိုဝင်ဘာလ(၂၅)ရက်တွင် တိုက်ခိုက်ရေးဒရုန်းအများအပြား စေလွှတ်ခဲ့ကြောင်း ယူကရိန်းဘက်က ပြောဆိုခဲ့သည်။ ယူကရိန်းလေတပ်တပ်မှူး Mykola Olekschuk က "ဒီနေ့မှာ ရုရှားစစ်တပ်ဟာ ယူကရိန်းကို ဒရုန်းအများအပြားပါဝင်တဲ့ စံချိန်တင် တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ တိုက်ခိုက်မှုရဲ့ အဓိကဦးတည်ချက်ကတော့ ကိယက်ဗ်မြို့ဖြစ်ပါတယ်"ဟုပြော ဆိုခဲ့သည်။
ရုရှားစစ်တပ်သည် ယူကရိန်းကို တိုက်ခိုက်ရန်အတွက် Shahed-131/136 kamikaze ဒရုန်းအစင်းရေ(၇၅)စင်းခန့်ကို စေလွှတ်ခဲ့ပြီး ဒရုန်း(၇၁)စင်းကို ယူကရိန်းနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း Mykola Olekschuk ကအတည်ပြုပြောဆိုခဲ့သည်။ အဆိုပါဒရုန်းများကို ရုရှားနိုင်ငံ Primosko-Akhtarsk မြို့နှင့် Kursk ဒေသတို့မှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းလေ ကြောင်းရန်ကာကွယ်ရေး တာဝန်ရှိသူများက ရှင်းပြပြောဆိုခဲ့သည်။
အဆိုပါဒရုန်းများသည် ကိယက်ဗ်မြို့၊ Sumy မြို့၊ Dnipropetrovsk မြို့၊ Zaporizhia မြို့၊ Mykolaiv မြို့နှင့် Kirovohrad မြို့အပါအဝင် ယူကရိန်း၏ဒေသ အနည်းဆုံးခြောက်ခုကို ဖြတ်သန်းသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ပြင် Kh-59 အမျိုးအစားဟု သတ်မှတ်ထားသော ပဲ့ထိန်းဒုံးကျည်တစ်စင်းကို Dnipropetrovsk Oblast ဒေသတွင် ကြားဖြတ်ဟန့်တားကာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်လင်မြို့နယ်၌ ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ