ကျောက်ဆည်ခရိုင်တရားရုံးဝန်းအတွင်းသို့ PDF အဖွဲ့က လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်
NSS - နိုဝင်ဘာ ၁၃
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ ခရိုင်တရားရုံးဝန်းအတွင်းသို့ PDF အဖွဲ့က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော (နိုဝင်ဘာလ ၁၀ ရက်)၊ နံနက် ၈နာရီခွဲအချိန်တွင် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ကျောက်ဆည်ခရိုင်တရားရုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားရုံးရှေ့သို့ PDF အဖွဲ့ဝင်(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ပေါက်မှုကြောင့် ခရိုင်တရားရုံးအတွင်းရှိ သက်သေခံယာဉ်များထားရှိသည့် နေရာအနီးသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူထိခိုက်မှုမရှိခဲ့သော်လည်း သက်သေခံယာဉ်တစ်စီး၏ ဝဲဘေးတံခါးမှန်တွင် ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲအရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံကို ဝိုင်းဝန်းဖိအားပေးဖို့ တူရကီသမ္မတ အာဒိုဂမ် တောင်းဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း