ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူ
စော (NSS) - နိုဝင်ဘာ ၈
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၌ ဘုန်းကြီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၇ ရက်)၊ နံနက် (၁၀)နာရီဝန်းကျင်တွင် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် (၉၇/၂)ဖာလုံတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါကားပေါ်တွင် သံဃာတစ်ပါး၊ အမျိုးသား (၃)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ လိုက်ပါစီးနင်းလာပြီး ရန်ကုန်မြို့မှနေပြည်တော်သို့သွားစဉ် ယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရှိန်မထိန်းနိုင်ပဲ ကားကမှောက်သွားတာပါ။ သံဃာက အခင်းဖြစ်တဲ့နေရာပဲ ပျံလွန်တော်မူသွားပါတယ်”ဟု မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်မတော်တဆမှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ပြီး လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ပျံလွန်တော်မူသွားသည့် သံဃာ၏ ဘွဲ့တော်မှာ ဦးဝိဇယသိဒ္ဒိဖြစ်ပြီး သက်တော် (၄၆)နှစ်၊ ဝါတော် (၂၅)နှစ်ဖြစ်ကြောင်း မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
အဆိုပါ သံဃာသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လက်ဝဲမင်းဒင်းလမ်းရှိ ဓမ္မပါလကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 8 / 1:00 PM)
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း