နယူးဒေလီမှာ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့အတွက် မော်တော်ယာဉ်အသုံးပြုမှုကို ကန့်သတ်မည်
ရောင်နီ (NSS) - နိုဝင်ဘာ ၇
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက် နိုဝင်ဘာ ၁၃ ရက်မှ ၂ဝ ရက်အထိ တစ်ပတ် ကြာ မော်တော်ယာဉ်အသုံးပြုမှုကို ကန့်သတ်သွားမယ်လို့ ဒေသန္တရအစိုးရ သဘာဝပတ်ဝန်းကျင်ဝန်ကြီးက တနင်္လာနေ့ (နိုဝင်ဘာ ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။
စည်းကမ်းချက်မှာ နံပါတ်ပြားအဟောင်းယာဉ်တွေနဲ့ အသစ်ယာဉ်တွေကို တစ်လှည့်စီ ရက်စွဲတွေနဲ့ ပြေးဆွဲခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ နယူးဒေလီဟာ နိုဝင်ဘာလ၊ ဆောင်းရာသီမစတင်မီ ကမ္ဘာ့လေထုညစ်ညမ်းမှု ထိပ်တန်း မြို့တွေထဲက တစ်ခုဖြစ်လာနေပါတယ်။ လေထုအရည်အသွေးဟာ တနင်္လာနေ့(နိုဝင်ဘာ ၆ ရက်) မှာ မြို့တော်မှာ သုံးရက်ဆက်တိုက် ပြင်းထန်နေတယ်လို့ ဖက်ဒရယ်လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။
မြို့တော်အစိုးရဟာ မူလတန်းကျောင်းတွေကို နိုဝင်ဘာ ၁ဝ ရက်အထိ ပိတ်ထားဖို့ ဖိအားပေးခဲ့ပါတယ်။ "ဒီပါဝလီပွဲ ပြီးရင်လည်း လေထုညစ်ညမ်းမှု မြင့်တက်လာနိုင်ချေရှိပါတယ်" လို့ ဒေလီရဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဂိုပဲလ်ရိုင် က ဆိုပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှာ ကျရောက်မယ့် ဟိန္ဒူဒီပါဝလီ ပွဲတော်မှာ မီးရှူးမီးပန်းတွေ ဖောက်ကြလေ့ရှိတာကြောင့် လေထုညစ်ညမ်းမှုကို ပိုဆိုးစေမယ်လို့ ယူဆထားပါတယ်။
ဒါ့အပြင် နယူးဒေလီမှာ တနင်္လာနေ့(နိုဝင်ဘာ ၆ ရက်) က ပြုလုပ်တဲ့ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ယှဉ်ပြိုင်နေတဲ့ ခရစ်ကတ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက် ပွဲစီစဉ်သူတွေက ကစားသမားတွေ ရဲ့ အဝတ်လဲခန်းတွေမှာ လေသန့်စင်စက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းကာ စာသင်ကျောင်းတွေ ပိတ်ခဲ့ရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း