ပဲခူး၌ အချိန်တိုအတွင်း ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို မူလအခြေအနေထက်သာလွန်အောင်ဆောင်ရွက်နေဟုဆို
စော(NSS) - အောက်တိုဘာ ၁၃
ပဲခူးတိုင်း အစိုးရအဖွဲ့အနေဖြင့် အချိန်တိုအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို မူလအခြေအနေထက်သာလွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၇)ရက်၊ ညပိုင်းမှ စတင်ကာ ရပ်ကွက်များသို့ ရေများဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရေကြီးမှုကြောင့် စပါးဧက (၇)သောင်းခွဲ ရေနစ်မြှုပ်ခဲ့သော်လည်း အချိန်မီရိတ်သိမ်းနိုင်ခဲ့ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှသိရသည်။
အလားတူ ပျက်စီးသွားသော လမ်း၊ တံတားနှင့် ဆည်တာတမံများကိုလည်း သက်ဆိုင်ရာဌာနမှ တွက်ချက်မှုများလုပ်ဆောင်နေကြောင်း အစိုးရအဖွဲ့မှ ပြောသည်။
“ပဲခူးမှာ ရေကတော့လုံးဝကျသွားပါပြီ။ လမ်းတွေလည်း ပွင့်သွားပါပြီ။ မီးသတ်အနေနဲ့ကတော့ ကျောင်းတွေ၊ ဆေးရုံတွေမှာ နုန်းတွေကျန်ခဲ့တာတွေကို ရှင်းလင်းရေးလုပ်ငန်းလုပ်နေပါတယ်”ဟု ပဲခူးမြို့နယ် မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ပဲခူးမြို့တွင် ယမန်နေ့(အောက်တိုဘာလ ၁၂ ရက်)တွင် ရေများပြန်လည်ကျဆင်းသွားခြင်းကြောင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး၊ အ.ထ.က (၁)စာသင် ကျောင်းနှင့် မြို့မဈေးကြီးတို့တွင် နုန်းများကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရပ်ကွက်များတွင် သောက်သုံးရေရရှိရေးအတွက် ရေသန့်ထုတ်လုပ်သည့် ယာဉ်ဖြင့် ရေပေးဝေရေးလုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီလဝါအထူးစီးပွားရေးဇုန်မှ ဘဏ္ဍာနှစ်(၄)လတာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း(၂ဝဝ)ကျော် ကုန်သွယ်နိုင်ခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း