ကော့ကရိတ်မြို့၌ လမ်းမပေါ်သို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား(၁)ဦးနှင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
NSS - အောက်တိုဘာ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လမ်းမပေါ်သို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား(၁)ဦး နှင့် ကျောင်းသားတစ်ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၆ ရက်၊ ညနေ ၄နာရီ ၁၅မိနစ်အချိန်တွင် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်သို့ KKO၊ PDF ပူးပေါင်းအဖွဲ့မှ Drone ဖြင့် Drop Bomb တစ်လုံးပစ်ချတိုက် ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အထက်ပါလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ဦးအောက်ကိုလတ် (၄၆)နှစ်နှင့် GRADE-4 ကျောင်းသား မောင်ဥက္ကာဖြိုး(၁၀)နှစ်တို့တွင် မျက်နှာ၊ ဝမ်းဗိုက်၊ လက်နှင့် ခြေထောက်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ထို့ပြင် ညနေ ၄နာရီ ၃၅မိနစ်တွင်လည်း အဆိုပါဗိုလ်ချုပ်လမ်းမပေါ်သို့ KKO၊ PDF ပူးပေါင်းအဖွဲ့မှ Drop Bomb တစ်လုံးထပ်မံပစ်ချ တိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ညနေ ၅နာရီအချိန်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တာခင်းကျေးရွာအတွင်းသို့ KNU၊ PDF ပူးပေါင်းအဖွဲ့မှ Drone ဖြင့် Drop Bomb တစ်လုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
၎င်း ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် တာခင်းကျေးရွာတွင်နေထိုင်သည့် ဒေါ်အေးအေးခိုင်(၄၈)နှစ်၏ နေအိမ်ခြံဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါ်အေးအေးခိုင်(၄၈)နှစ်တွင် ပေါင်နှစ်ဖက်၌ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသနိုင်ရန်အတွက် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးထားရကြောင်း သိရသည်။
ထို့နောက် ဗုံးများပြစ်ချတိုက်ခိုက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး-ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကြား ပဋိပက္ခကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တတိယအဖွဲ့အစည်းများကို အမေရိကန်သတိပေး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း