မုန့်ရောင်းသည့် အမျိုသားတစ်ဦးကို PDF အဖွဲ့က “ဒလန်”ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖားကန့်၌ဖြစ်ပွား
NSS - အောက်တိုဘာ ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် မုန့်လိုက်လံရောင်းချနေသည့် အမျိုသားတစ်ဦးကို PDF အဖွဲ့က “ဒလန်”ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၅ရက်၊ မွန်းလွဲ ၁နာရီအချိန်တွင် ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအထွက်၊ ဖားပြင်ကျေးရွာ ဆိုင်းဘုတ်အနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သည့် ဦးစန်းမြင့်သည် ဆိုင်ကယ်ဖြင့် မု့န်များလိုက်လံရောင်းချနေစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့ဝင်(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး “သတင်းပေး ဒလန်” ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစန်းမြင့်(၄၅)နှစ်တွင် ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာနားထင်ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်နှင့် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်တို့ရရှိကာ အခင်း ဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖားကန့်မြို့နယ်၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အချဉ်ပေါင်းရောင်းချသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပအဝယ်နည်းနေတာ ကြောင့် ရန်ကုန်ကြက်သွန်နီဈေးပြန်လည်ကျဆင်းလာ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း