ထုတ်ယူရန်ကျန်ရှိသည့် ထီဆုမဲ(၇၅၀၀)ကျော်ကို အောက်တိုဘာလကုန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်
Pearl (NSS) - အောက်တိုဘာ ၄
ထုတ်ယူရန်ကျန်ရှိသည့် ထီဆုမဲ (၇၅၀၀) ကျော်ကို အောက်တိုဘာလကုန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြီးခဲ့သည့် အောက် တိုဘာလ (၂)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်တွင် ဖွင့်လှစ်ခဲ့သော (၄၄)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ (၆၅၆၀၉)ဆု ခွဲဝေချီးမြှင့်ခဲ့ပြီး ဆုမဲ (၇၅၁၄) ဆုသည် ယနေ့တိုင်လာရောက်ထုတ်ယူခြင်းမရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲများသည် ကျပ်သိန်း ၅၀၀ (၁) ဆု ၊ ကျပ်သိန်း ၂၀၀ (၂) ဆု၊ ကျပ်သိန်း ၁၀၀ (၁)ဆု နှင့် ကျပ်သိန်း ၅၀ (၁)ဆု အပါအဝင် ဆုမဲ ၇၅၀၀ ကျော်ဖြစ်ပြီး ထုတ်ယူရန်ကျန်ရှိနေသည့် ထီဆုမဲ ၇၅၀၀ ကျော်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့တင်ပြ၍ တောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲများကို လာမည့် အောက်တိုဘာလ (၃၁)ရက်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ်သိမ်းယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်နယ်အတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများကို biometric data ကောက်ယူမည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း