တောင်ငူမြို့နယ်တွင် အကြမ်းဖက်သမားများက သေနတ်၊ ဓားဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်မှုကြောင့် အရပ်သား (၂)ဦးသေဆုံး
NSS - အောက်တိုဘာ ၃
တောင်ငူမြို့နယ်တွင် အကြမ်းဖက်သမားများက သေနတ်၊ ဓားဖြင့် ပစ်ခတ် ထိုးခုတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၂ဦးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်၊ ည ၁၂ နာရီ ဝန်းကျင်အချိန်တွင် ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်၊ နံ့သာကုန်းကျေးရွာအနီး တောင်ငူ-လိပ်သို သွားကားလမ်း ပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တောင်ငူမြို့နယ်၊ ကွမ်းပင်ကျေးရွာနေသူများဖြစ်သည့် ကိုရဲလွင်ဦး(၂၉)နှစ် နှင့် ကိုဘိုဝင်း(ခ)ဘိုဘိုဝင်း(၃၀)နှစ် ၊ ကိုနိုင်ဝင်း(ခ) ကုလား၊ ကိုလုကာ (ခ)ကုလား နှင့် တောင်ငူမြို့နယ်၊ တပြေးကျေးရွာနေ မောင်ခွန်ရွှေကြိုင်(၂၀)နှစ်တိုသည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာမှ ၎င်းတို့၏ကျေးရွာများသို့ တောင်ငူ-လိပ်သိုသွား ကားလမ်းအတိုင်း ပြန်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့အင်အား ၁၅ ဦးခန့်က ၎င်းတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်လဲကျ ရပ်တန့်စဉ် အကြမ်းဖက်သမာများက ဓားများဖြင့် ထိုးခုတ်ခဲ့သဖြင့် ကိုရဲလွင်ဦး နှင့် ကိုဘိုဝင်း (၃၀)နှစ်တို့အား ထိုးသွင်း၊ ပြတ်ရှဒဏ်ရာနှင့် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
အလားတူ မောင်ခွန်ရွှေကြိုင်(၂၀)နှစ်တွင် ဝဲပေါင်၌ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲပေါင်အရိုးကျိုးဒဏ်ရာတို့ရရှိခဲ့ပြီး ကိုနိုင်ဝင်း နှင့် ကိုလုကာတို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အသိပေးထားသည်။
ထို့ပြင် ၎င်းတို့စီးနင်းလာသည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ် ၂ စီးတို့အား အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းကနေ အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတို့ထွက်သွားပေမယ့် ထိုင်းစွမ်းအင်ကုမ္ပဏီက သက်တမ်းတိုးချဲ့လုပ်ကိုင်ဖို့ စီစဉ်နေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း