ရန်ကုန်တိုင်း၊ လသာမြို့နယ်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
NSS - အောက်တိုဘာ ၃
ရန်ကုန်တိုင်း၊ လသာမြို့နယ်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၂ ရက်)၊ ည ၁၀ နာရီအချိန်ခန့်တွင် လသာမြို့နယ်၊ (၂)ရပ်ကွက်၊ အနော်ရထာလမ်း နှင့် (၁၇)လမ်းထိပ်ရှိ “ဖက်တီးမ”လမ်းဘေးထမင်းကြော်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
အဆိုပါထမင်းကြော်ဆိုင်၌ North Gate ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းဖြစ်သည့် အသက်(၃၆)နှစ်အရွယ် ကိုဉာဏ်လွင်အေးနှင့် အသက်(၃၂)နှစ်အရွယ် မနန်းဟွမ်မိုင်တို့ ရှိနေစဉ်အချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုဉာဏ်လွင်အေးနှင့် မနန်းဟွမ်မိုင်တို့သည် ထမင်းကြော်စားနေစဉ်အချိန်တွင် လွယ်အိတ်လွယ်ထားကာ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကိုဉာဏ်လွင်အေး၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေရှိပြီး လတ်တလော၌ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ကိုဉာဏ်လွင်အေးကို Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
Urban Owls အဖွဲ့သည် ကိုဉာဏ်လွင်အေးအား နစကကို လက်နက်ဝယ်ပေးနေသည့် ခရိုနီလက်သစ်တစ်ဦးအဖြစ် စွပ်စွဲထားသော်လည်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ၎င်းသည် North Gate ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းကဏ္ဍ(၃)ခုအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၆)ခုကို လုပ်ကိုင်ခွင့်ပြု
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း