အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူနေ
Pearl (NSS) - စက်တင်ဘာ ၂၆
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ၊ အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း အခွန်အယူခံခုံအဖွဲ့ရုံးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အခွန်အယူခံခုံအဖွဲ့ရုံးမှ ယနေ့ (စက်တင်ဘာလ ၂၆ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ ထည့်သွင်းကြေညာထားခြင်းဖြစ်သည်။
အဆိုပါဌာန၌ လစ်လပ်လျက်ရှိသော ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၂)နေရာ၊ အငယ်တန်းစားရေး (၃) နေရာ နှင့် စာရင်းကိုင်-၄ ( ၁ ) နေရာတို့အတွက် ဝန်ထမ်းများခေါ်ယူမည်ဖြစ်ပြီး ကွန်ပျူတာ၊ စီးပွားရေး၊ ဥပဒေနှင့် အင်္ဂလိပ်စာဘွဲ့ရရှိသူများအား ဦးစားပေးခန့်ထားမည်ဖြစ် ကြောင်းသိရသည်။
လျှောက်ထားလိုသူများသည် လာမည့် စက်တင်ဘာလ ၃၀ ရက်တွင် အသက် (၃၀)နှစ်နှင့် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
အလားတူ အဆိုပါဌာန၌ သန့်ရှင်းရေးအကူ (၂)နေရာအတွက် ဝန်ထမ်းခေါ်ယူမည်ဖြစ်ပြီး လျှောက်ထားသူသည် စက်တင်ဘာလ ၃၀ ရက်တွင် အသက်(၃၅)နှစ်ထက် မကျော်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာပုံစံများကို Myanmar National Portal အခွန်အယူခံခုံအဖွဲ့ရုံး နှင့် အခွန်အယူခံခုံအဖွဲ့ Facebook Page တို့တွင်ရယူနိုင်ပြီး ညွှန်ကြားရေးမှူးချုပ် အခွန်အယူခံ ခုံအဖွဲ့ရုံး၊ ရုံးအမှတ် (၅၇)၊ နေပြည်တော်သို့ လိပ်မူ၍ အောက်တိုဘာလ(၂၆)ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းအဖြစ်ရွေးချယ်ခြင်းခံရပါက အနည်းဆုံး (၃) နှစ်တာဝန်ထမ်းဆောင်မည်ဖြစ် ကြောင်း ကတိဝန်ခံချက် လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ရုံးမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၆ ခုနှစ်တွင် မြန်မာအစား ဖိလစ်ပိုင်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦး ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း