Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို မူလစစ်ဘက်တာဝန်ပြန်လည်ပေးခဲ့ပြီး စီးပွား/ကူးသန်း ဒုဝန်ကြီးကို တာဝန်မှအနားပေးကာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်

မျိုးကြီး (NSS) - စက်တင်ဘာ ၂၆

စစ်ဆေးခံနေရသည်ဟု သတင်းထွက်ပေါ်နေသော ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို မူလစစ်ဘက်တာဝန်ပြန်လည်ပေးခဲ့ပြီး စီးပွား/ကူးသန်းဒုဝန်ကြီးကို တာဝန်မှအနားပေးကာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

                       

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နစကပြင်ဆင်ဖွဲ့စည်းခြင်း၊ အစိုးရအဖွဲ့အပြောင်း အလဲဖြစ်စဉ်များကို ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်)ညပိုင်းတွင် ပြည်သူလူထုအား အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နစကအဖွဲ့ဝင်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့၏နေရာတွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ဖြင့် အစားထိုးကာ နစကအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ထို့ပြင် နစကအဖွဲ့ဝင်တစ်ဦး ဖြစ်သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ဝန်ကြီးတာဝန်မှ အနားပေးကာ စစ်ဘက်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း နစကမှ ထပ်မံကြေညာထား သည်။

အလားတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးညွန့်အောင်ကိုလည်း ဒုဝန်ကြီးတာဝန်မှ အနားယူခွင့်ပြုလိုက်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်ကိုလည်း အနားယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် ဦးညွန့်အောင်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ခေါ်ယူစစ်ဆေးခံနေရသည်ဟု သတင်းများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပြီးနောက် နစကမှ ယခုကဲ့သို့ ၎င်းတို့၏တာဝန်များကို အနားပေးခဲ့ခြင်းဖြစ်သည်။

“အခုနပြောသလိုပေါ့ မဟုတ်တာ လုပ်ထားတာတွေ သိရင်တော့ လက်မခံဘူးဆိုတဲ့ပုံစံနဲ့ နစက လုပ်တယ်လို့မြင်တယ်။ ဒါတွေက ဖုံးထားလို့မှမရတာ။ ပါမစ်တွေရော၊ နယ်စပ်တွေကနေရော ကားသွင်းတယ်ဆိုတာ ထုံးစံမှမရှိတာ။ ဒါတွေက ပေးချင်လည်းရတယ်။ မပေးချင်လည်း ရတယ်။ မျက်စိမှိတ်ပေးလိုက်တယ်လို့ မြင်တယ်။ ဒါတွေက နောက်ပိုင်းရှင်းရမှာပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NSS ကို သုံးသပ်ပြောကြားသည်။

ထို့ပြင် နစကသည် ယမန်နေ့ညပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)တွင် ဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး နေရာတွင် ဝန်ကြီးသစ်အဖြစ် နိုင်ငံခြားရေးဒုဝန်ကြီး ဦးထွန်းအုံကို တာဝန်ပေးခန့်အပ်လိုက်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီးဟောင်း ဦးညွန့်အောင်၏ နေရာတွင် ၎င်းဝန်ကြီးဌာန၌ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးမင်းမင်းအား တာဝန်ပေးခန့်အပ်လိုက်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သော ဦးလွင်ဦးအား ဒုဝန်ကြီးအဖြစ် တာဝန်ပေးခန့်လိုက်ကြောင်း နစက၏ ကြေညာချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို တာဝန်များမှအနားပေးကာ နိုင်ငံတော်ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦးထံ နစကမှ တာဝန်ပေးအပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ခေါ်ယူစစ်ဆေးခံနေရသည်ဟု ပြီးခဲ့သောရက်ပိုင်းအတွင်းက သတင်းများထွက်ပေါ်ခဲ့ဖူးသည်။     


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒလမြို့မရဲစခန်းမှ အချုပ်သား (၆)ဦး အချုပ်ခန်းခေါင်မိုးဖောက်ကာ ထွက်ပြေးလွတ်မြောက်နေ

RELATED POSTS
RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved