အမေရိကန်အစိုးရဟာ အငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ဒေသက ရေနံတွေကိုလုယူဖို့ စစ်ရေးအခြေစိုက်စခန်းတည်ဆောက်ဖို့ စီစဉ်နေဟု ဗင်နီဇွဲလားအစိုးရ ဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၅
အမေရိကန်အစိုးရဟာ အငြင်းပွားလျက်ရှိနေတဲ့ပိုင်နက်ဒေသမှာ စစ်ရေးအခြေစိုက်စခန်းတည် ဆောက်ဖို့ ကြိုးပမ်းနေကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားနဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေတဲ့ Guayana Esequiba ဒေသမှာ စစ်ရေး အခြေစိုက်စခန်း တည်ဆောက်ဖို့ ပစ်မှတ်ထားနေကြောင်း၊ ဗင်နီဇွဲလားအစိုးရက ပြောပါတယ်။ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Yvan Gil က အမေရိကန်ဟာ လက်တင်အမေရိကရဲ့အချုပ်အခြာအာဏာကို ကြားဝင် စွက်ဖက်ဖို့ကြိုးပမ်းနေကြောင်း၊ ကာရာကက်စ် နဲ့ ဂျော့ချ်တောင်းကြားရှိ သက်တမ်း ၂ဝဝ ကျော်ရှိ အငြင်းပွား ပိုင်နက်နယ်မြေကိစ္စကို ကြားဝင်စွက်ဖက်ဖို့လုပ်ဆောင်နေကြောင်း ပြောပါတယ်။
၎င်းက "အမေရိကန်အစိုးရဟာ Exxon Mobil ကို အသုံးချပြီး အငြင်းပွားပိုင်နက်နယ်မြေက ကျွန်တော်တို့ရဲ့ရေနံ အရင်းအမြစ်တွေကို ရယူဖို့ ကြိုးပမ်းနေတယ်" လို့ ပြောပါတယ်။
ပိုင်နက်နယ်မြေအငြင်းပွားမှုဖြစ်ပွားနေတဲ့ Guayana Esequiba ဒေသဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပေါကြွယ်ဝတဲ့ ဒေသတစ်ခုဖြစ်ကြောင်းသိရပါတယ်။အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ Guayana Esequiba ဒေသမှာ စစ်ရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်မယ့်အစီအစဉ်တွေလည်းရှိနေကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
၎င်းက "အမေရိကန်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ အငြင်း ပွားမှုတွေရှိနေတဲ့ အဲဒီနယ်မြေမှာ စစ်ရေးအခြေစိုက် စခန်းတည်ဆောက်ဖို့ စီစဉ်နေတယ်။ ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်မှုတွေ ပျံနှံ့အောင်လုပ်ဆောင်ဖို့နဲ့ အရင်းအမြစ်တွေကို လုယူနိုင်အောင် ကြိုးပမ်းဖို့ စစ်ရေးအခြေစိုက်စခန်းတည်ဆောက်ဖို့ စီစဉ်နေတာပါ" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် မီးစက်ဝါယာရှော့ဖြစ်ရာမှ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ