လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည် နယ်အချို့၌ လေပြင်းတိုက်၍ မိုးကြီးနိုင်ဟု မိုးဇလဆို
ယွန်း (NSS) - စက်တင်ဘာ ၂၄
လေပွေလှိုင်း နှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည် နယ်အချို့၌ လေပြင်းတိုက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မိုးဇလမှ ယနေ့ (စက်တင်ဘာလ ၂၄ ရက်)တွင် ထုတ်ပြန်သည့် မိုးကြီးမည့် သတိပေးချက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ နေ့လည်(၂)နာရီခွဲအချိန် တိုင်းထွာချက်အရ လာမည့် စက်တင်ဘာလ(၂၈)ရက်မှ အောက်တိုဘာလ(၃)ရက်အတွင်း အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းများ၏အရှိန်ကြောင့် မိုးရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
အဆိုပါ ရက်များအတွင်း ရန်ကုန် အပါအဝင် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင် နှင့် မွန်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့နေရာများတွင် ဒေသအလိုက် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ အသိပေးထား သည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်၍ မိုးသက်လေပြင်းကျစဥ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)တိုက် ခတ်နိုင်ကြောင်း သိရသည်။
အဆိုပါကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းအပြင် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တ ရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။
သို့ဖြစ်၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု၍နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ခမ်းမြို့တွင် ငွေကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း