မြန်မာရေတပ်နှင့်ဆက်နွယ်သော ကုမ္ပဏီထံသို့ ဆိုနာစနစ် တရားမဝင်ရောင်းချခဲ့သည့် စင်ကာပူနိုင်ငံသားနှစ်ဦးကို ဒဏ်ငွေအမေရိကန်ဒေါ်လာ(၈)သောင်း ပေးဆောင်ရန် တရားရုံး အမိန့်ချမှတ်
Pika (NSS) - စက်တင်ဘာ ၂ဝ
မြန်မာရေတပ်က စီမံခန့်ခွဲနေသော survey centre ကို ဆိုနာစနစ်ရောင်းချခဲ့သည့် စင်ကာပူနိုင်ငံသားနှစ်ဦးကို အမေရိကန်ဒေါ်လာ(၈)သောင်းပေးဆောင်ရန် စင်ကာပူတရားရုံးက စက်တင်ဘာလ(၁၉)ရက်တွင် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။
Hydronav Services (S)ကုမ္ပဏီမှ အသက်(၅၇)နှစ်အရွယ် အရောင်းမန်နေဂျာ Poiter Agus Kentjana နှင့် ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် Wui Ong Chuan တို့သည် စစ်လက်နက်ပစ္စည်းများ အပါအဝင် မဟာဗျူဟာ မြောက်ကုန်ပစ္စည်းကို တင်ပို့ရောင်းချပြီးဥပဒေကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စင်ကာပူတရားရုံးသည် Wui Ong Chuan ကို ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ (၄၅ဝဝဝ) ပေးဆောင်စေခဲ့ပြီး Poiter Agus Kentjana ကို အမေရိကန်ဒေါ်လာ(၃၅ဝဝဝ)ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။ Hydronav Services (S)ကုမ္ပဏီသည် အစောပိုင်းတွင် အက်ဥပဒေအရ စွဲချက်နှစ်ခု ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး စက်တင်ဘာလ(၁၉)ရက်တွင် အမေရိကန်ဒေါ်လာ(၁ ဒသမ ၁) သန်းကျော် ဒဏ်ရိုက်ခံခဲ့ရကြောင်း သိရသည်။
အသက်(၇ဝ)အရွယ် Wui Ong Chuan သည် Hydronav Services (S)ကုမ္ပဏီ၏ သွင်းကုန် နှင့် ပို့ကုန်လုပ်ငန်းများ တွင် ပါဝင်သည့် တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ပြီး အဆိုပါအမှုတွင် ပင်လယ်ကြမ်းပြင်မြေပုံအတွက် multibeam echosounder စနစ်တစ်ခု ပါဝင်ကြောင်းလည်း သိရသည်။
အဆိုပါစနစ်ကို မြန်မာနိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Light of Universe သို့ အမေရိကန်ဒေါ်လာ (၁ ဒသမ ၆) သန်း နီးပါးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ မြန်မာရေတပ်နှင့်ဆက်နွယ်သော ကုမ္ပဏီသည် အဆိုပါ စနစ်ကို မြန်မာရေပိုင်နက်အတွင်း ရေကြောင်းနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆိုနာစနစ်သည် စစ်ဘက်နှင့်အရပ်ဘက် နှစ်မျိုးလုံးတွင် အသုံးပြုနိုင် သော်လည်း စစ်ရေးရည်ရွယ်ချက်ဖြင့် လက်ရှိအချိန်ထိ အသုံးပြုနေခြင်းမျိုး မတွေ့ရကြောင်း စင်ကာပူအစိုးရ ရှေ့နေက ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကျဉ်းသားများကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် အသုံးပြုရန် ယူကရိန်းလွှတ်တော်အမတ်တစ်ဦး အကြုံပြု
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း