ကနေဒါနိုင်ငံက အိန္ဒိယခွဲထွက်ရေးလှုပ်ရှားသူများကို အားပေးအားမြှောက်လုပ်ဆောင်နေကြောင်း အိန္ဒိယအစိုးရ ဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂ဝ
ကနေဒါသံတမန်တွေဟာ အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်နေသလို အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အားပေးအားမြှောက်လုပ်ဆောင်နေကြောင်း အိန္ဒိယအစိုးရ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ကနေဒါနိုင်ငံမှာ နေထိုင်နေတဲ့ အိန္ဒိယအစိုးရဆန့်ကျင်ရေး ခါလီစတန် Khalistan ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး လုပ်ကြံခံရပြီးနောက် အိန္ဒိယ နဲ့ ကနေဒါနိုင်ငံကြား သံတမန်တွေကို အပြန်အလှန်နှင်ထုတ်ပြီး တင်းမာမှုမြင့်တက်နေကြောင်း သိရပါတယ်။
ကနေဒါအစိုးက ခွဲထွက်ရေးခေါင်းဆောင်ဖြစ်သူ Hardeep Singh Nijjar အသတ်ခံရမှုမှာ အိန္ဒိယအစိုးရ ဆက်နွယ် နေကြောင်း စွပ်စွဲဝေဖန်မှုများရှိခဲ့ကာ ကနေဒါနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးကို နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယအစိုးရကလည်း ကနေဒါအစိုးရရဲ့လုပ်ရပ်ကို လက်တုံ့ပြန်ဖို့ အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီးကို နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက "ကနေဒါသံတမန်တွေဟာ အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းကို စွက်ဖက်နေသလို အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခံနေတယ်။ ကနေဒါအစိုးရဟာ ခါလီစတန် ခွဲထွက်ရေးနဲ့ အကြမ်းဖက်အုပ်စုတွေကို နိုင်ငံအတွင်း နေထိုင်ခွင့်ပေးထားပြီး အိန္ဒိယနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တွေကို ခြိမ်းခြောက်မှု ဆက်လုပ်နေတယ်။ အိန္ဒိယအစိုးရဆန့်ကျင်ရေးအုပ်စုတွေနဲ့ပတ်သက်ပြီး ကနေဒါအစိုးရရဲ့ လုပ်ရပ် တွေကို စိုးရိမ်မှုဖြစ်မိပါတယ်" လို့ ပြောပါတယ်။
ခွဲထွက်ရေးခေါင်းဆောင်လုပ်ကြံခံရမှုမှာ အိန္ဒိယနိုင်ငံ ပါဝင်နေတဲ့စွပ်စွဲချက်တွေဟာ အလွန်ဆိုးရွားကြောင်း အိန္ဒိယ အစိုးရကဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ်က ၎င်းတို့ပိုင်နက်မြေပေါ်မှာ အိန္ဒိယခွဲထွက်ရေး ခေါင်းဆောင်တစ်ဦးအသတ်ခံရခြင်းနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရနဲ့ အလားလာရှိတဲ့ ဆက်သွယ်ဆောင်ရွက်မှုများ ကို ရပ်တန့်ထားဖို့ ကနေဒါလုံခြုံရေးအဖွဲ့တွေကို တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ခွဲထွက်ရေးလှုပ်ရှားသူများ (သို့မဟုတ်) ဆစ်ဘာသာရေးအဖွဲ့ဝင်များဟာ ကနေဒါ နိုင်ငံမှာ နေထိုင်လျက်ရှိနေရာဂျီ ၂ဝ ထိပ်သီးအစည်းဝေးမှာ ကနေဒါဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ ဖူးကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံမှာ ရှိနေတဲ့ ဆစ်ဘာသာရေးအဖွဲ့ဝင်များနဲ့ပတ်သက်ပြီး စိုးရိမ်မှုများဖြစ်ရ တယ်လို့ ကနေဒါဝန်ကြီးချုပ်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းစားသုံးဆန် နဲ့ စပါးသိုလှောင်မှုများအတွက် မှတ်ပုံတင်ရမယ့် စည်းကမ်းသတ်မှတ်ချက်များထွက်ပေါ်လာ #NPNews
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ