မြန်မာနိုင်ငံရေးအခက်အခဲဖြေရှင်းနိုင်ရေးနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂ဝ
မြန်မာနိုင်ငံရေးအခက်အခဲပြဿနာများသည် ခက်ခဲရှုပ်ထွေးမှုရှိနေသည့်အတွက် အချိန်ယူဖြေရှင်းရမည့်အချက်ကို လူတိုင်းသိရှိကြကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။
စက်တင်ဘာလအစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး ပြီးခဲ့သောရက်ပိုင်းတွင် .cnnindonesia သတင်းဌာနှင့် တွေ့ဆုံအင်တာဗျူးခဲ့ချိန်အတွင်း မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ကာလအတွင်း မြန်မာနိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းရာတွင် သိသာတိုးတက်မှုမရှိကြောင်းလူအချို့ဝေဖန်ပြောဆိုခြင်းနှင့်ပတ်သက်ပြီး စီအမ်အမ် သတင်းဌာန၏ မေးမြန်းမှုအပေါ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
၎င်းက "မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၇ဝ ကျော်ကြာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ လက်ရှိအချိန်မှာလည်း အဲဒီအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်တာမျိုးမရှိသေးဘူး။ ဒါကြောင့် မြန်မာနိုင်ငံရေးကိစ္စဟာ ခက်ခဲရှုပ်ထွေးနေတဲ့အတွက် အလွယ်တကူဖြေရှင်းလို့မရနိုင်ဘဲ အချိန်ယူရမယ်ဆိုတဲ့အချက်ကို လူတိုင်းသိပါတယ်" ဟု ပြောသည်။
အာဆီယံအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန် နှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန်ရည်ရွယ်ပြီး နစက အပါအဝင် မြန်မာနိုင်ငံရေးတွင် ပါဝင်နေသောအဖွဲ့အစည်းများနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံသည် မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း
လက်ရှိအချိန်အထိ သိသာသောတိုးတက်မှုမရှိဘဲဖြစ်နေကြောင်း ဝေဖန်မှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညွှန်ကြားချက်များကို မလိုက်နာသည့် ကုမ္ပဏီပေါင်း (၁၀၀)ကျော်၏ နိုင်ငံခြားငွေရောင်းဝယ်ရေးလိုင်စင်များကို ရုပ်သိမ်းကြောင်း ဗဟိုဘဏ်ကြေညာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ