မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ မုတ်သုံဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလအသိပေး
ယွန်း (NSS) - စက်တင်ဘာ ၁၇
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ထွက်ခွာခဲ့ပြီဖြစ် ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(စက်တင်ဘာလ ၁၇ ရက်)၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ ပြီးခဲ့သည့် လပိုင်းက ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ(၁၂)ရက်မှ (၁၈)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ထွက်ခွာနိုင်ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ(၁၉)ရက်မှ (၂၅)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှထွက်ခွာသွားနိုင်ပြီး စက်တင်ဘာလ(၂၆)ရက်နှင့် အောက်တိုဘာလ(၁)ရက်တွင် မြစ်ဝကျွန်း ပေါ်ဒေသများမှ ဆုတ်ခွာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် အနောက်တောင်မုတ်သုံလေသည် လာမည့် အောက်တိုဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှ ထွက်ခွာနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။
ထိုသို့ မုတ်သုံလေဆုတ်ခွာသွားသော်လည်း အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများနှင့် မုန်တိုင်းအကြွင်းအကျန်များကြောင့် မိုးရွာသွန်းမှုများဆက်လက်ရှိနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချမ်းအေးသာဇံမြို့နယ်ရှိ မြဝတီဘဏ်အား အကြမ်းဖက်သမား(၂)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း