ပဲခူးမြို့ရှိ စေတဝန်ဘုန်းကြီးကျောင်းတွင် ဝါယာကြိုးဟောင်းများအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Pearl (NSS) - စက်တင်ဘာ ၁၆
ပဲခူးမြို့ရှိ စေတဝန်ဘုန်းကြီးကျောင်းတွင် ဝါယာကြိုးဟောင်းများအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၅ရက်)၊ ည(၁၂)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း ၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ စေတဝန်ကျောင်းလမ်း၊ စေတဝန်ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းရှိ ပေ (၄၀) ပတ်လည်ရှိသောကျောင်းဆောင်တစ်ဆောင်၌ ဝါယာကြိုးဟောင်းများ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုအား ပဲခူးတိုင်းမီးသတ်ဦးစီးမှူးရုံး ၊ ခရိုင်မီးသတ်စခန်း ၊ မြို့နယ်မီးသတ်စခန်းနှင့် ပဲခူးနယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မိနစ်(၃၀)ခန့် ကြာပြီးနောက် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
"ဝါယာကြိုးတွေက ဆင်ထားတာကြာပြီ။ ဝါယာကြိုးတွေက သက်တမ်းကကြာတဲ့အခါကျတော့ ဆွေးမြေ့ပြီးတော့မှ အပူလွန်ကဲပြီး မီးလောင်တာ။ လူထိခိုက်မှုတွေတော့ မရှိပါဘူး" ဟု ပဲခူးမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦး က NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါ ပေ (၄၀) ပတ်လည် ကျောင်းဆောင်မှာ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုရဲ့ဖိအားဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာအပေါ်ထားရှိတဲ့ တရုတ်အစိုးရရဲ့သဘောထား နဲ့ စီမံကိန်းများအကြောင်း တစ်စေ့တစ်စောင်း (ဆောင်းပါး)
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း