အင်ငါးခွ သကြားစက်မှ စိုက်ပျိုးရေးဒုမန်နေဂျာကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - စက်တင်ဘာ ၁ဝ
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ အင်ငါးခွ သကြားစက်မှ စိုက်ပျိုးရေးဒုမန်နေဂျာအမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ တဲကုန်းကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာ “တောင်နဝင်းဆည်” ဆည်မြောင်းဘောင်ပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်၊
အင်ငါးခွ သကြားစက်မှ စိုက်ပျိုးရေးဒုမန်နေဂျာ ဦးသန်းဝင်းသည် စက်ရုံဝန်ထမ်း ဦးခင်မောင်အေး(၄၆)နှစ်နှင့်အတူ သကြားစက်ရုံမှ စိုက်ပျိုးရေးရုံးသို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာစဉ် အထက်ပါနေရာအရောက်၌ PDFအဖွဲ့ဝင် (၂)ဦးက ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းဝင်း(၆၁)နှစ်၏ လည်ပင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၅)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဒုမန်နေဂျာ ဦးသန်းဝင်းကို ပြည်ခရိုင် PDFတပ်ရင်းတပ်ခွဲ(၁)က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အထက်ပါ လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများတင်ဆောင်လာသည့် ရုရှားကုန်တင် လေယာဉ် ရန်ကုန်သို့ရောက်ရှိ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း