Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်ဒုဝန်ကြီးချုပ် သွားရောက်မည်

Pika (NSS) - စက်တင်ဘာ ၇

တရုတ်ဒုဝန်ကြီးချုပ် Liu Guozhong ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံတည်ထောင်သည့်နေ့ အထိမ်းအမှတ်ပွဲကို တက်ရောက်ရန်အတွက် ယခုသီတင်းပတ် နှောင်းပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း KCNA သတင်းဌာန က ဖော်ပြခဲ့သည်။

အဆိုပါခရီးစဉ်သည် လက်ရှိအာဏာရ ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နှင့် မြောက်ကိုရီးယား အစိုးရတို့၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားအစိုးရသည် နိုင်ငံတည်ထောင်သည့်နေ့အထိမ်းအမှတ်ပွဲကို စက်တင်ဘာလ(၉)ရက်တွင် ကျင်းပ မည်ဖြစ်ပြီး ဂျပန်နိုင်ငံလက်အောက်မှ လွတ်မြောက်သည့် (၇၅)နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်ကြောင်း သိရသည်။ 

မြောက်ကိုရီးယားနိုင်ငံကို ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးကတည်းက ကင်ဂျုံအန်း၏ မိသားစုက တောက်လျှောက် အုပ်ချုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရုရှားသမ္မတပူတင် နှင့် လက်နက်ဆိုင်ရာသဘောတူညီချက်များကို ဆွေးနွေးရန်အတွက် ကိုဗစ်(၁၉) ကာလ နောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်အဖြစ် သွားရောက်လည်ပတ်နိုင်ချေရှိနေကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောခဲ့သည်။ 

ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မည့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ခရီးစဉ်သည် လာမည့် သီတင်းပတ်အတွင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသော အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး New York Times က ဖော်ပြခဲ့သည်။


အဆိုပါသတင်းများနှင့်ပတ်သက်ပြီး မြောက်ကိုရီးယား နှင့် ရုရှားတို့ဖက်က မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် Li Hongzhong ဦးဆောင်သော တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ်(၇ဝ)ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါစစ်ရေးပြအခမ်းအနားအတွင်း  Li Hongzhong၊ ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူ နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တို့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ပိတ်ပင်ထားသော နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

ထို့အပြင် မြောက်ကိုရီးယားသည် အစိုးရသည် ကိုဗစ်(၁၉)ကပ်ရောဂါစတင်ဖြစ်ပွားသည့် ၂ဝ၂ဝ ပြည့်နှစ်ကတည်း က နယ်စပ်များကို ပိတ်ထားခဲ့သော်လည်း ပြီးခဲ့သည့်လတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ပရောက် မြောက်ကိုရီးယားနိုင်ငံသားများကို နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အန်တိုနီ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးထားခြင်းမရှိကြောင်း မန်ယူအသင်း ပြော

RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved