သာကေတမြို့နယ်တွင် မီးလောင်မှုကြောင့် ဆံပင်ညှပ်ဆိုင်အပါအဝင် ဆိုင်ခန်း(၃)ခန်းမီးလောင် ပျက်စီး
သန့်ဇင် (NSS) - ဩဂုတ် ၂၈
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် မီးလောင်မှုကြောင့် ဆံပင်ညှပ်ဆိုင်အပါအဝင် ဆိုင်ခန်း(၃)ခန်းမီးလောင် ပျက်စီးသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဩဂုတ်လ ၂၈ ရက်)၊ နံနက် ၃နာရီ ၃၅မိနစ်အချိန်တွင် သာကေတမြို့နယ်၊ ရွှေအုပ်ဂူလမ်းမကြီး၊ ရွှေအုပ်ဂူ(၅)လမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်ကစလောင်တာလဲတော့ မသိရဘူး။ ဆိုင်ခန်း(၃)ခန်းလောင်သွားပါတယ်။ ဆံပင်ညှပ်ဆိုင်နဲ့ ကျန်တဲ့(၂)ဆိုင်ပါသွားတယ်။ ဆိုင်ခန်း(၃)ခန်းကတော့ အလုံးလိုက်နီးပါပေါ့နော်။ အထဲကနေလှိုက်လောင်သွားတာပါ” ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဆံပင်ညှပ်ဆိုင်တစ်ဆိုင်အပါအဝင် ဆိုင်ခန်း(၃)ခန်းမီးလောင်ဆုံးရှုံးခဲ့ရပြီး မီးလောင်မှုအား ၁၅ မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အလားတူ ယနေ့ (ဩဂုတ်လ ၂၈ ရက်)၊ နံနက် ၅နာရီ ၁၇မိနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် နာရေးကူညီမှု အသင်းကားတစ်စီး မီးလာင်မှုဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“အဲဒိကားက Denko ဆီဆိုင်ကနေ ဆီထည့်ပြီး အထွက်မှာ မီးထလောင်တာဗျ။ လောင်တဲ့ကားက နာရေးကူညီမှု အသင်းကားပါ။ ရန်ကုန်ကတော့မဟုတ်ဘူး။ နယ်ဘက်ကကားပါ”ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း အဆိုပါလူနာတင်ကားသည် တစ်စီးလုံးမီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း