ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - သြဂုတ် ၉
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အကျင့်ပျက်လာဘ်စားမှုများကြောင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံရပြီး ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကိုနိုင်ငံရေး လုပ်ခွင့် ငါးနှစ် ပိတ်ပင်လိုက်ကြောင်း ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင် ECP က အင်မရန်ခန်းဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အရည်အချင်း ပျက်ယွင်းမှုတွေ ရှိခဲ့တဲ့အတွက် နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်လိုက်တာဖြစ်ကြောင်း ပြောပါတယ်။
ECP က "အင်မရန်ခန်းဟာ ငါးနှစ်ကြာ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရမှာပါ။ သူရဲ့ မဲဆန္ဒနယ်ကိုတော့ လစ်လပ်တဲ့အတိုင်း ထားရှိမှာပါ" လို့ ပြောပါတယ်။
အင်မရန်ခန်းရဲ့လက်ထောက်တစ်ဦးဖြစ်တဲ့ Zulfikar Bukhari ကတော့ "ဒါဟာ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ပါတီဟာ အင်မရန်ခန်းကို အရည်အချင်းပျက်ယွင်းကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရားရုံးချုပ်ထံအယူခံဝင်သွားမှာပါ။ တရားရုံးချုပ်ဟာ အင်မရန်ခန်းကို နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးမယ်လို့ ယုံကြည်ထားပါတယ်" လို့ ပြောပါ တယ်။ အင်မရန်ခန်းကတော့ ၎င်းအနေနဲ့ အမှားအယွင်းတစ်စုံတရာ မလုပ်ထားကြောင်း တုံ့ပြန်ထားပါတယ်။ အင်မရန်ခန်းဟာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အထိ တာဝန်ယူချိန်အတွင်း ပြည်ပ နိုင်ငံများက ပေးတဲ့ လက်ဆောင်များကို အလွှဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံရကာ ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ဟာ လာဟိုးမြို့တရားရုံးရဲ့အမိန့်အရ အင်မရန်ခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက နေအိမ်မှာ လာရောက် ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး အစ္စလာမ်မာဘတ်မြို့အနီးရှိ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်မြို့နယ်၌ ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ