ကျောင်းထိုင်ဆရာတော်တစ်ပါးကို NUG ၏ ဂန့်ဂေါခရိုင်တပ်ရင်းမှ PDF တစ်ဦးနှင့် အရပ်သားတစ်ဦးတို့က သေနတ်ဖြင့် ပစ်သတ်ခဲ့ဟု ဝန်ခံ
NSS - သြဂုတ် ၆
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျောင်းထိုင်ဆရာတော်တစ်ပါးကို NUG ၏ ဂန့်ဂေါခရိုင်တပ်ရင်းမှ PDF တစ်ဦးနှင့် အရပ်သားတစ်ဦးတို့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဝန်ခံထားသည်။
NUG လက်အောက်ခံ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၁၅)က ကျောင်းထိုင်ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဝန်ခံကာ အများပြည်သူသို့ အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သော သြဂုတ် ၃ ရက် နံနက် ၁၁ နာရီအချိန်တွင် ထီးလင်းမြို့နယ်၊ အနောက်ဘက်ကျေးရွာ ဘုန်းကြီးကျောင်းပေါ်သို့ တက်ကာ ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း အထက်ပါတပ်ရင်းက ဆိုသည်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုအား ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၁၅)မှ ရဲဘောတစ်ဦးနှင့် အရပ်သားတစ်ဦးတို့သည် ၎င်းတို့၏ သဘောဆန္ဒအတိုင်း စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ကျူးလွန်ခဲ့သူနှစ်ဦးကို အရေးယူနိုင်ရေး ဆောင်ရွက်ထားသည်ဟုလည်း NUG ၏ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၁၅) က ဆိုသည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့သော နိုင်ငံရေးပဋိပက္ခများကြောင့် လက်ရှိအချိန်ကာလအထိ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆရာတော်၊ သံဃာတော်မှာ အပါး (၈၀)နီးပါးအထိရှိလာပြီဖြစ်သည်။
၎င်းကဲ့သို့ ဆရာတော်၊ သံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံနေရမှုအပေါ် နိုင်ငံတော် တာဝန်ရယူထားသည့် နစကအနေဖြင့် ထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်း မရှိသကဲ့သို့ အကြမ်းဖက်အဖွဲ့များအနေဖြင့်လည်း ရက်စက်စွာ သတ်ဖြတ်နေမှုများကို ရပ်တန့်ခြင်း မရှိသေးကြောင်း တွေ့ရှိနေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မှာ CNG မလုံလောက်မှုဖြေရှင်းရန် ဓါတ်ငွေ့စီမံကိန်းသုံးခုမှ ဓါတ်ငွေ့များ တိုးမြင့်ထား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း