အမေရိကန်နိုင်ငံမှာ လေယာဉ်ပျက်ကျသွားခဲ့ပြီးနောက် ရာထူးက အနားယူတော့မယ့် စစ်ဗိုလ်ချုပ်တစ်ဦး သေဆုံး
ဂျန်ဇက် (NSS) - ဇူလိုင် ၃ဝ
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ လေယာဉ်ပျက်ကျခဲ့ရာ အမေရိကန်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ အန်တိုနီပေါ့စ် သေဆုံးခဲ့ကြောင်း သိရပါတယ်။
အင်ဂျင်တစ်လုံးတပ် လေယာဉ်ပေါ်မှာ အမေရိကန်စစ်တပ်ရဲ့ထိန်းချုပ်၊ အမိန့်ပေး၊ ဆက်သွယ်ရေးနဲ့နည်းစပိုင်းဆိုင်ရာအစီအစဉ်အကြီးအကဲ ဗိုလ်ချုပ် အန်သိုနီပေါစ့် တစ်ဦးတည်းသာ လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။
လေယာဉ်ဟာ ဇူလိုင် ၂၅ ရက်က ပျက်ကျခဲ့ပြီး မြေပြင်ရှိ ဘယ်သူမှ သေဆုံးဒဏ်ရာရတာမျိုး မရှိကြောင်း အမေရိစစ်ဘက်က ပြောပါတယ်။
အမေရိကန် သယ်ယူပို့ဆောင်ရေးဘေးကင်းမှုဘုတ်အဖွဲ့ဟာ လေယာဉ်ပျက်ကျရတဲ့အကြောင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။
ဗိုလ်ချုပ် အန်သိုနီပေါစ့်ဟာ အမေရိကန်စစ်ဘက်မှာ နှစ်ပေါင်း ၄ဝ ကျော်ကြာ တာဝန်ထမ်းဆာင်ခဲ့ပြီး မကြာမီမှာ အငြိမ်းစားယူဖို့ စီစဉ်ထားသူဖြစ်ကြောင်း သိရပါတယ်။ ၎င်းဟာ အမေရိကန်စစ်ဘက်က အီရတ်နိုင်ငံအပေါ်ပြုလုပ်တဲ့စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ဖူးသလို ဂျာမနီနိုင်ငံမှာလည်း တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဟာ လေယာဉ်ပျက်ကျခဲ့တဲ့နေရာကို ရှာဖွေဆယ်ရေးသမားဒါဇင်ချီ စေလွှတ်ခဲ့ပြီး အပျက်စီးအပိုင်းစများကို ရှာဖွေနေကြောင်း သိရပါတယ်။ အမေရိကန်စစ်တပ်ဟာ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို အတိအကျမသိသေးကြောင်း သတင်းထုတ်ပြန်ထားပါတ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧရာဝတီတိုင်းက ပင်လယ်ကမ်းခြေများသို့ ၇ လအတွင်းမှာ ခရီးသွား ၉ သိန်းခွဲနီးပါး ဝင်ရောက်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း