ဆိုင်ကယ်အဟောင်းများ သယ်လာသည့် ကုန်ကား(၂)စီးကို လက်နက်ကိုင် အင်အား(၃ဝ)ခန့်က ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးမှု သံဖြူဇရပ်၌ဖြစ်ပွား
NP News - မေ ၂၉
ဆိုင်ကယ်အဟောင်းများ သယ်ဆောင်လာသည့် ကုန်ကား(၂)စီးကို လက်နက်ကိုင် အင်အား(၃ဝ)ခန့်က ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးမှု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(မေလ ၂၉ ရက်)၊ နံနက် ၇ နာရီခွဲအချိန်တွင် ကုန်ကား(၂)စီးသည် ရေးမြို့နယ်ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာစဉ် သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး မိုင်တိုင်(၆၂)၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကုန်ကား(၂)စီးကို KNLA တပ်မဟာ(၆)၊ တပ်ရင်း(၂၇)မှ လူဦးရေ(၃ဝ)ဦးခန့်ရှိသော လက်နက်ကိုင်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တားဆီးခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောဆိုထားသည်။
ထိုသို့ ပစ်ခတ်တားဆီးပြီးနောက် ကုန်ကား(၂)စီးအနက် ခြောက်ဘီးကားတစ်စီး၏ ခေါင်းခန်းအား မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
“ခြောက်ဘီးယာဉ်ကတော့ ခေါင်းခန်းကြီး မီးလောင်သွားတယ်။ ဘာမှ မကျန်တော့ဘူး။ (၁၂)ဘီးယာဉ်ကတော့ နောက်မှာ ဆိုင်ကယ်တွေ တင်ထားတာရှိတယ်။ ဆိုင်ကယ်အဟောင်းတွေပေါ့။ အဲဒါလည်း လမ်းဘေးမှာ ရပ်နေတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကတော့ ထွက်ပြေးသွားရတာပေါ့လေ။ ကားနှစ်စီးကတော့ လမ်းပေါ်မှာ ကျန်နေခဲ့တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြော သည်။
လက်ရှိတွင် ကုန်ကား(၂)စီးအား ပစ်ခတ်ဖျက်ဆီးသွားသော လက်နက်ကိုင်အဖွဲ့နောက်သို့ တပ်မတော်လုံခြုံရေးအဖွဲ့ဘက်က လိုက်လံပစ်ခတ်ရှင်းလင်းနေကြောင်းလည်း ၎င်းက ထပ်မံပြောဆိုထားသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အား KNLA တပ်မဟာ(၆)မှ အဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုထားသော်လည်း NP News အနေဖြင့် ၎င်းအချက်အလက်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ KNU ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုး မတွေ့ရသေးပေ။
zawgyi version
ဆိုင္ကယ္အေဟာင္းမ်ား သယ္လာသည့္ ကုန္ကား(၂)စီးကို လက္နက္ကိုင္ အင္အား(၃ဝ)ခန႔္က ပစ္ခတ္ကာ မီးရႈိ႕ဖ်က္ဆီးမႈ သံျဖဴဇရပ္၌ျဖစ္ပြား
NP News - ေမ ၂၉
ဆိုင္ကယ္အေဟာင္းမ်ား သယ္ေဆာင္လာသည့္ ကုန္ကား(၂)စီးကို လက္နက္ကိုင္ အင္အား(၃ဝ)ခန႔္က ပစ္ခတ္ကာ မီးရႈိ႕ဖ်က္ဆီးမႈ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေမလ ၂၉ ရက္)၊ နံနက္ ၇ နာရီခြဲအခ်ိန္တြင္ ကုန္ကား(၂)စီးသည္ ေရးၿမိဳ႕နယ္ဘက္မွ ေမာ္လၿမိဳင္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာစဥ္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ေအးကမာၻေက်း႐ြာအနီး မိုင္တိုင္(၆၂)၌ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။
၎ကုန္ကား(၂)စီးကို KNLA တပ္မဟာ(၆)၊ တပ္ရင္း(၂၇)မွ လူဦးေရ(၃ဝ)ဦးခန႔္ရွိေသာ လက္နက္ကိုင္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တားဆီးခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာဆိုထားသည္။
ထိုသို႔ ပစ္ခတ္တားဆီးၿပီးေနာက္ ကုန္ကား(၂)စီးအနက္ ေျခာက္ဘီးကားတစ္စီး၏ ေခါင္းခန္းအား မီးရႈိ႕ဖ်က္ဆီးသြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာဆိုထားသည္။
“ေျခာက္ဘီးယာဥ္ကေတာ့ ေခါင္းခန္းႀကီး မီးေလာင္သြားတယ္။ ဘာမွ မက်န္ေတာ့ဘူး။ (၁၂)ဘီးယာဥ္ကေတာ့ ေနာက္မွာ ဆိုင္ကယ္ေတြ တင္ထားတာရွိတယ္။ ဆိုင္ကယ္အေဟာင္းေတြေပါ့။ အဲဒါလည္း လမ္းေဘးမွာ ရပ္ေနတယ္။ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြကေတာ့ ထြက္ေျပးသြားရတာေပါ့ေလ။ ကားႏွစ္စီးကေတာ့ လမ္းေပၚမွာ က်န္ေနခဲ့တယ္” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူက ေျပာ သည္။
လက္ရွိတြင္ ကုန္ကား(၂)စီးအား ပစ္ခတ္ဖ်က္ဆီးသြားေသာ လက္နက္ကိုင္အဖြဲ႕ေနာက္သို႔ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ဘက္က လိုက္လံပစ္ခတ္ရွင္းလင္းေနေၾကာင္းလည္း ၎က ထပ္မံေျပာဆိုထားသည္။
အဆိုပါ ပစ္ခတ္မႈျဖစ္စဥ္အား KNLA တပ္မဟာ(၆)မွ အဖြဲ႕ဝင္မ်ားက ပစ္ခတ္ျခင္းျဖစ္သည္ဟု ေျပာဆိုထားေသာ္လည္း NP News အေနျဖင့္ ၎အခ်က္အလက္ႏွင့္ပတ္သက္၍ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးသကဲ့သို႔ KNU ဘက္ကလည္း တစ္စုံတစ္ရာ ထုတ္ျပန္ျခင္းမ်ိဳး မေတြ႕ရေသးေပ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆားဘီးယားစစ်တပ်ကို တပ်လှန့်ထားပြီး တင်းမာမှုများ တိုးမြင့်လာသည့်အတွက် ကိုဆိုဗိုကို အမေရိကန်က ပြစ်တင်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း