Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များ၏ စီးပွားရေးဆိုင်ရာအရင်းအမြစ်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်သည်အထိ ဆောင်ရွက်ရန်လိုဟုဆို

ယွန်း (NP News) - မေ ၂၈

ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ဒေသစီးပွားရေးဆိုင်ရာ အရင်းအမြစ်များကို နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်သည်အထိ ဆောင်ရွက်ရန် ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးဆန်းလင်းက မေလ ၂၇ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များ၏ အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်ကို အသင်းပေါင်း(၈၁)သင်းဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံဗမာတိုင်းရင်း သားလုပ်ငန်းရှင်များအသင်းလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ အသင်းအနေဖြင့် ဗမာတိုင်ရင်းသားလုပ်ငန်းရှင်များ၏ စီးပွား‌‌‌ရေးလုပ်ငန်းများကို ပိုမိုအားကောင်းလာစေရန်နှင့် လုပ်ငန်းရှင်အသစ်များ ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့် ကျယ်ပြန့်စွာချိတ်ဆက်ဆောင်ရွက်နိုင်‌ရေးနှင့် ဗမာတိုင်း ရင်းသားလုပ်ငန်းရှင်များ၏ ဒေသစီးပွားရေးဆိုင်ရာ အရင်းအမြစ်များကိုလည်း ခေတ်မီနည်းပညာ အပါအဝင် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရန် ဒုဥက္ကဋ္ဌမှ တိုက်တွန်းပြောဆိုခဲ့သည်။

ဗမာတိုင်းရင်းသားလူမျိုးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပိုအားကောင်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗမာတိုင်းရင်းသားလူမျိုး လုပ်ငန်းရှင်များ အများအပြားပေါ်ထွန်းလာစေရန်အတွက် အဆိုပါအသင်းကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မတ်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးလုပ်ငန်းရှင်အချင်းချင်းအပြင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့်ပါ ချိတ်ဆက်နိုင်ပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရေးနှင့် ဒေသထွက်ကုန်များကို Value Added ပြုလုပ်၍ နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်နိုင်စေရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


zawgyi version


ယွန်း (NP News) - မေ ၂၈









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လယ်ယာမြေများမှလွဲ၍ ကျန်နေရာများတွင် အခြားနည်းသုံးရန် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် တင်ပြလာပါက ခွင့်မပြုစရာ အကြောင်းမရှိဟုဆို

RELATED POSTS
RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved