အမေရိကန်အစိုးရနဲ့ အောက်လွှတ်တော်ကြား အငြင်းပွားနေတဲ့ အကြွေးကိစ္စကို IMF အကြီးအကဲဝေဖန်ပြစ်တင်
ဂျန်ဇက် (NP News) - မေ ၂၈
အမေရိကန်အစိုးရအဖွဲ့ နဲ့ အမေရိကန်အောက်လွှတ်တော်အမတ်များကြား အကြွေးထပ်တိုးရယူနိုင်ဖို့ အငြင်းပွားနေမှုများအပေါ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က ဝေဖန်ပြစ်တင်လိုက်ကြောင်းသိရပါတယ်။
အမေရိကန်အစိုးရရဲ့အကြွေးထပ်တိုးရယူနိုင်ရေး ကန့်သတ်ခံရမယ်ဆိုရင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ကြီးမားတဲ့သက်ရောက်မှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း(IMF)အဖွဲ့ အကြီးအကဲကပြောပါတယ်။၎င်းက "အမေရိကန် ဘဏ္ဍာရေးဈေးကွက်တည်ငြိမ်မှုရှိမှ ကမ္ဘာ့ဘဏ္ဍာရေးစနစ် တည်ငြိမ်မှုရှိမှာပါ"လို့ပြောပါတယ်။
အမေရိကန်အစိုးရဟာ လက်ရှိရှိနေတဲ့ အကြွေးထက် ထပ်တိုးအကြွေးရယူဖို့ လိုလားနေပေမယ့် အမေရိကန်အောက်လွှတ်တော်က အစိုးရရဲ့အသုံးစရိတ်ကိုလျှော့ချဖို့ နဲ့ အကြွေးထပ်ယူခွင့်ကိုကန့်သတ်ဖို့ လို လားနေကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာ ပြည်ပကြွေးမြီစုစုပေါင်းအမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ ထရီလျံအထိရှိနေပြီး ကမ္ဘာပေါ်မှာ အကြွေးအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီတို့ဟာ အကြွေးကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်များအတွင်းဆွေးနွေးခဲ့ပေမယ့် အကြွေးထပ်ယူဖို့ တိကျတဲ့သဘောတူညီခွင့်မရခဲ့သော်လည်း မေလ ၂၆ ရက်မှာ အကြိုသဘောတူညီချက်တွေရရှိထားကြောင်းသတင်းများထွက်ပေါ်နေပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကလည်း အမေရိကန်အစိုးလက်ထဲမှာရှိနေတဲ့ ဘဏ္ဍာငွေကြေးများဟာ လာမယ့်ဇွန်လအစောပိုင်းမှာ ကုန်ခမ်းဖွယ်ရှိနေကြောင်းသိရပါတယ်။ IMF အဖွဲ့က အမေရိကန်အစိုးရ အဖွဲ့ နဲ့ အောက်လွှတ်တော်ကြားဖြစ်ပွားနေတဲ့ အကြွေးထပ်တိုးယူခွင့်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဟာ ကမ္ဘာ့ဘဏ္ဍာရေးအခက်အခဲကိုဖြစ်လာနိုင်သလို စီးပွားရေးအခက်အခဲများ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။
zawgyi version
အေမရိကန္အစိုးရနဲ႔ ေအာက္လႊတ္ေတာ္ၾကား အျငင္းပြားေနတဲ့ အေႂကြးကိစၥကို IMF အႀကီးအကဲေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ေမ ၂၈
အေမရိကန္အစိုးရအဖြဲ႕ နဲ႔ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္မ်ားၾကား အေႂကြးထပ္တိုးရယူႏိုင္ဖို႔ အျငင္းပြားေနမႈမ်ားအေပၚ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ Kristalina Georgieva က ေဝဖန္ျပစ္တင္လိုက္ေၾကာင္းသိရပါတယ္။
အေမရိကန္အစိုးရရဲ႕အေႂကြးထပ္တိုးရယူႏိုင္ေရး ကန႔္သတ္ခံရမယ္ဆိုရင္ ကမာၻ႔စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ မႈကို ႀကီးမားတဲ့သက္ေရာက္မႈမ်ားျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း(IMF)အဖြဲ႕ အႀကီးအကဲကေျပာပါတယ္။၎က "အေမရိကန္ ဘ႑ာေရးေဈးကြက္တည္ၿငိမ္မႈရွိမွ ကမာၻ႔ဘ႑ာေရးစနစ္ တည္ၿငိမ္မႈရွိမွာပါ"လို႔ေျပာပါတယ္။
အေမရိကန္အစိုးရဟာ လက္ရွိရွိေနတဲ့ အေႂကြးထက္ ထပ္တိုးအေႂကြးရယူဖို႔ လိုလားေနေပမယ့္ အေမရိကန္ေအာက္လႊတ္ေတာ္က အစိုးရရဲ႕အသုံးစရိတ္ကိုေလွ်ာ့ခ်ဖို႔ နဲ႔ အေႂကြးထပ္ယူခြင့္ကိုကန႔္သတ္ဖို႔ လို လားေနေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ျပည္ပေႂကြးၿမီစုစုေပါင္းအေမရိကန္ေဒၚလာ ၃၁ ဒသမ ၄ ထရီလ်ံအထိရွိေနၿပီး ကမာၻေပၚမွာ အေႂကြးအမ်ားဆုံးႏိုင္ငံအျဖစ္ သတ္မွတ္ခံထားရပါတယ္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ နဲ႔ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္မက္ကာသီတို႔ဟာ အေႂကြးကိစၥနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့သီတင္းပတ္မ်ားအတြင္းေဆြးေႏြးခဲ့ေပမယ့္ အေႂကြးထပ္ယူဖို႔ တိက်တဲ့သေဘာတူညီခြင့္မရခဲ့ေသာ္လည္း ေမလ ၂၆ ရက္မွာ အႀကိဳသေဘာတူညီခ်က္ေတြရရွိထားေၾကာင္းသတင္းမ်ားထြက္ေပၚေနပါတယ္။
အေမရိကန္ဘ႑ာေရးဝန္ႀကီးကလည္း အေမရိကန္အစိုးလက္ထဲမွာရွိေနတဲ့ ဘ႑ာေငြေၾကးမ်ားဟာ လာမယ့္ဇြန္လအေစာပိုင္းမွာ ကုန္ခမ္းဖြယ္ရွိေနေၾကာင္းသိရပါတယ္။ IMF အဖြဲ႕က အေမရိကန္အစိုးရ အဖြဲ႕ နဲ႔ ေအာက္လႊတ္ေတာ္ၾကားျဖစ္ပြားေနတဲ့ အေႂကြးထပ္တိုးယူခြင့္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြဟာ ကမာၻ႔ဘ႑ာေရးအခက္အခဲကိုျဖစ္လာႏိုင္သလို စီးပြားေရးအခက္အခဲမ်ား ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း သတိေပးထားပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်ကြီးမြို့နယ်၌ လယ်ယာမြေများကို လျှောက်ထားသည့် နည်းလမ်းထက် ကျော်လွန်လုပ်ဆောင်နေသူများအား အရေးယူမည်ဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း