လားရှိုးမြို့တွင် ဝါးများသယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး မြောင်းထဲထိုးကျ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
စော (NP News) - မေ ၁ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဝါးများသယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး မြောင်းထဲထိုးကျ၍ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မေလ ၁ဝ ရက်)၊ နံနက် (၆)နာရီတွင် လားရှိုးမြို့ ၊ ရေပန်းလမ်းဆုံအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လားရှိုးမှာမိုးရွာတယ်။ ရေပန်းလမ်းဆုံက အဆင်းလည်းဖြစ်တယ်။ ကွေ့ကြောလည်းဖြစ်တယ်ဆိုတော့ အရှိန်နည်းနည်းများပြီး မြောင်းထဲကျတာ။ ပြီးတော့ဓာတ်တိုင်ကိုဝင်တိုက်တာ။ ယာဉ်မောင်းတစ်ယောက်ပဲပါတယ်။ ဒဏ်ရာကပြင်းတယ်။ စိုးရိမ်ရအနေအထားတော့မဟုတ်ဘူး”ဟု ကမ်းလင့်လက်များဆုံစည်းရာ ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ မော်တော်ယာဉ်သည် လားရှိုးမြို့မှ တိမ်ဖြူမြို့သို့ ဝါးများသယ်ဆောင်လာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များဆုံစည်းရာ ပရဟိတအသင်းမှဆိုသည်။
လက်ရှိတွင် အဆိုပါအမျိုးသားအား လားရှိုးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
လားရႈိးၿမိဳ႕တြင္ ဝါးမ်ားသယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ေျမာင္းထဲထိုးက်၍ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရ
ေစာ (NP News) - ေမ ၁ဝ
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕တြင္ ဝါးမ်ားသယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ေျမာင္းထဲထိုးက်၍ အမ်ိဳးသားတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေမလ ၁ဝ ရက္)၊ နံနက္ (၆)နာရီတြင္ လားရႈိးၿမိဳ႕ ၊ ေရပန္းလမ္းဆုံအနီးတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“လားရႈိးမွာမိုး႐ြာတယ္။ ေရပန္းလမ္းဆုံက အဆင္းလည္းျဖစ္တယ္။ ေကြ႕ေၾကာလည္းျဖစ္တယ္ဆိုေတာ့ အရွိန္နည္းနည္းမ်ားၿပီး ေျမာင္းထဲက်တာ။ ၿပီးေတာ့ဓာတ္တိုင္ကိုဝင္တိုက္တာ။ ယာဥ္ေမာင္းတစ္ေယာက္ပဲပါတယ္။ ဒဏ္ရာကျပင္းတယ္။ စိုးရိမ္ရအေနအထားေတာ့မဟုတ္ဘူး”ဟု ကမ္းလင့္လက္မ်ားဆုံစည္းရာ ပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ေမာ္ေတာ္ယာဥ္သည္ လားရႈိးၿမိဳ႕မွ တိမ္ျဖဴၿမိဳ႕သို႔ ဝါးမ်ားသယ္ေဆာင္လာစဥ္ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ကမ္းလင့္လက္မ်ားဆုံစည္းရာ ပရဟိတအသင္းမွဆိုသည္။
လက္ရွိတြင္ အဆိုပါအမ်ိဳးသားအား လားရႈိးျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခွန်လျာထားချက်အတိုင်း ကောက်ခံနိုင်ခြင်းမရှိသော ဝန်ကြီးဌာနများအနေဖြင့် အခွန်ရငွေလျော့နည်းရခြင်းအကြောင်းကိုဖော်ထုတ်ရန် တိုက်တွန်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း