Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြိုင်မြို့နယ်တွင် PDF များ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ဆေးခန်းနှင့် စာသင်ကျောင်းအတွင်းမှတွေ့ရှိ
Pearl (NP News) - ဧပြီ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် PDF များ သိုဝှက်သိမ်းဆည်းထားသည့် ခဲယမ်း၊ ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နစကထံမှ သိရသည်။ 

ယမန်နေ့ (ဧပြီလ ၁၈ ရက်)၊ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာအားဝင်ရောက်၍ စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ခဲ့ရာ PDF များနှင့်ပတ်သက်ဆက်နွယ်သူများဟု ယူဆရသူအမျိုးသား (၁ဝ)ဦး နှင့် အမျိုးသမီး (၂ဝ)ဦးတို့ကိုလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ခေတ္တထိန်းသိမ်းခဲ့ကြောင်း သိရသည်။ 

ထို့နောက် မကြီးကန်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းအတွင်းမှ ကျည်အိမ်မျိုးစုံ (၁ဝ)ခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ၆ဝ မမ ဗုံးသီး (၂)လုံး၊ လက်လုပ်လက်ပစ်ဗုံးနှင့် Drop ဗုံးသီး (၃)လုံး၊ ကျည်မျိုးစုံ (၇၈ဝ) တောင့်၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ People Defence Force (Myaing) စာတန်းပါ ယူနီဖောင်းများအပါအဝင် ယူနီဖောင်းမျိုးစုံ (၅၃)စုံ၊ ကျည်ကာအင်္ကျီ (၂)ထည်၊ Myaing PDF စာတန်းပါ လက်မောင်းဘက်တံဆိပ်များ၊ ဗုံးခိုကျင်း (၁)ခု၊ မော်တော်ယာဉ်မျိုးစုံ (၃)စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ (၅)စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မြိုင်မြို့နယ်၊ ကန်ကြီးကျေးရွာအတွင်းသို့ဝင်ရောက်၍ ရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာအခြေခံပညာမူလတန်းကျောင်းအတွင်းမှ လက်လုပ်လက်ပစ်ဗုံး (၁)လုံး၊ Nissan အမျိုးအစားမော်တော်ယာဉ် (၁)စီးနှင့် မော်တော်ဆိုင်ကယ်မျိုးစုံ (၁၅)စီးတို့ကို ဖော် ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြိုင်မြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version

Pearl (NP News) - ဧပြီ ၁၉








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကဆုန်လပြည့်နေ့၌ မန္တလေးမြို့တွင် သံဃာ‌တော် အပါး(၁ဝဝဝဝ)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

RELATED POSTS
RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved