အမျိုးသားတစ်ဦး ရေခပ်ရင်း ရေတွင်းထဲပြုတ်ကျသေဆုံးမှု ကြို့ပင်ကောက်မြို့နယ်တွင်ဖြစ်ပွား
Pearl (NP News) - ဧပြီ ၁၈
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားတစ်ဦးရေတွင်းထဲ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၁၈ ရက်)၊ နေ့လည် (၁)နာရီခွဲ အချိန်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကုန်းမြင့်ကျေးရွာ၊ ရွှေကံ့ကော်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းတွင် နေထိုင်သူ မောင်ဝေယံရှား (၂၁)နှစ်သည် ၎င်း၏ နေအိမ်ရှေ့ရှိ ရေတွင်း၌ ရေခပ်နေစဥ် ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
"ရေခပ်ရင်းနဲ့ပြုတ်ကျတယ်ပြောတယ်။ ပြုတ်ကျတာက ၁၂ နာရီ ၅ဝ မိနစ်လောက်ကပါ။ သတင်းရတာက ၁၂ နာရီ ၅၂ မိနစ်လောက်ကပါ။ ဇောက်ထိုးကျတာဆိုတော့ ဇာတ်တွေ ထိသွားမယ်ထင်တယ်။ ဘယ်လို ဒဏ်ရာတွေ ရသွားလဲတော့ ကျွန်တော်တော့ သေချာ မမြင်လိုက်ရဘူး" ဟု ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
၎င်းအား မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကြို့ပင်ကောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
zawgyi version
အမ်ိဳးသားတစ္ဦး ေရခပ္ရင္း ေရတြင္းထဲျပဳတ္က်ေသဆုံးမႈ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တြင္ ျဖစ္ပြား
Pearl (NP News) - ဧၿပီ ၁၈
ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးေရတြင္းထဲ ျပဳတ္က်ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၁၈ ရက္)၊ ေန႔လည္ (၁)နာရီခြဲ အခ်ိန္ခန႔္တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ ကုန္းျမင့္ေက်း႐ြာ၊ ေ႐ႊကံ့ေကာ္လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါလမ္းတြင္ ေနထိုင္သူ ေမာင္ေဝယံရွား (၂၁)ႏွစ္သည္ ၎၏ ေနအိမ္ေရွ႕ရွိ ေရတြင္း၌ ေရခပ္ေနစဥ္ ေရတြင္းထဲသို႔ ျပဳတ္က်သြားခဲ့ေၾကာင္း သိရသည္။
"ေရခပ္ရင္းနဲ႔ျပဳတ္က်တယ္ေျပာတယ္။ ျပဳတ္က်တာက ၁၂ နာရီ ၅ဝ မိနစ္ေလာက္ကပါ။ သတင္းရတာက ၁၂ နာရီ ၅၂ မိနစ္ေလာက္ကပါ။ ေဇာက္ထိုးက်တာဆိုေတာ့ ဇာတ္ေတြ ထိသြားမယ္ထင္တယ္။ ဘယ္လို ဒဏ္ရာေတြ ရသြားလဲေတာ့ ကြၽန္ေတာ္ေတာ့ ေသခ်ာ မျမင္လိုက္ရဘူး" ဟု ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
၎အား မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၿပီး နာေရးကူညီမႈအသင္းယာဥ္ျဖင့္ ႀကိဳ႕ပင္ေကာက္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး- ရန်ကုန် အမြန်လမ်းတွင် Probox ကားမှ ရပ်ထားသည့် (၆)ဘီးကားကို ဝင်တိုက်ခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း