ဆန္ဒပြပွဲများကို ထိန်းသိမ်းနိုင်ရန်အတွက် အထူးလေ့ကျင့်ထားသည့် ရဲတပ် ဖွဲ့ဝင်များ ပိုမိုဖြန့်ကျက်ချထားမည်ဟု ဗြိတိန်အစိုးရပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၁ဝ
ဗြိတိန်နိုင်ငံတွင် ဆန္ဒပြပွဲအရှိန်မြင့်တက်လာခဲ့ပြီးနောက်ပိုင်း အစိုးရသည် အကြမ်းဖက်ဆန္ဒပြသူများကို ထိန်းသိမ်းနိုင်ရန်အတွက် အထူးလေ့ကျင့်ထားသည့် ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ ရက်ပေါင်းများစွာကြာ ပျံ့နှံ့လာခဲ့ပြီးနောက်ပိုင်း ဗြိတိန်အစိုးရက လူမှုကွန်ရက်များကို ထိန်းချုပ်နိုင်ရန် စီစဉ်လာခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် လက်ယာစွန်းရောက်နိုင်ငံရေးသမားများက သြဂုတ်လ ၇ ရက်နေ့နောက်ပိုင်းတည်းက ပြည်သူများကို ပစ်မှတ်ထားပြီး မတည်ငြိမ်မှုများဖြစ်လာစေရန် လုပ်ဆောင်နေရာ ရဲတပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ချထားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောသည်။ ဗြိတိန်နိုင်ငံတွင် ရွှေ့ပြောင်းသွားလာသူများ ဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသူများသည် မွတ်စလင်များနှင့် ရွှေ့ပြောင်းသွားလာသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများလုပ်ဆောင်လာခဲ့ကြောင်းသိရသည်။
ဆန္ဒပြသူများသည် ရွှေ့ပြောင်းသွားလာသူများ နှင့် နိုင်ငံရေးခိုလှုံခွင့်ရရှိရန်ကြိုးပမ်းနေသူများနေထိုင်နေသည့် အိမ်ယာများ၊ ဗလီများကို အရှိန်မြင့်တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်က "အကြမ်း ဖက်မှုတိုက်ခိုက်မှုများကို တရားစွဲဆိုသွားမယ်။ တရားမျှတမှုရအောင်လုပ်ဆောင်ပေးသွားမယ်"ဟု ပြောသည်။ လက်ယာစွန်းရောက် ဆန္ဒပြသူများသည် ဇူလိုင် ၁၀ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားပြီး ယင်းဆန္ဒပြပွဲကိုဆန္ဒပြသူ ဘယ်လောက်လာရောက်မည်ဆိုသောအချက်နှင့်စီစဉ်ထားသည့် ဆန္ဒပြပွဲများကို အစီအစဉ်များအတိုင်း လုပ်ဆောင်နိုင်မည်ဆိုသောအချက်ကို အတိအကျမသိသေးကြောင်း ဗြိတိန်အာဏာပိုင်များက ပြော သည်။ ဗြိတိန်ရဲတပ်ဖွဲ့က ဆန္ဒပြအုပ်စုများကို ထိန်းသိမ်းနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးထားသည့် ရဲတပ်ဖွဲ့ဝင် (၆၀၀၀)ကို ဇူလိုင် ၁၀ ရက်နေ့မှစတင်ပြီး ဖြန့်ကျက်ချထားမည်ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နွားထိုးကြီးမြို့တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်၍ မြို့ခံများပိတ်မိနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ