အမေရိကန်၊ ကနေဒါ၊ ဖိလစ်ပိုင် နဲ့ ဩစတြေးလျတို့က တောင်တရုတ်ပင် လယ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်
Pika (NSS) - ဩဂုတ် ၇
အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ၎င်းတို့တပ်ဖွဲ့တွေကြားမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့အတွက် တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းတို့ရဲ့ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ(၇)ရက်နေ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရေတပ်နဲ့လေတပ်တွေပါဝင်မယ့် နှစ်ရက်ကြာပူးတွဲစစ်ရေးလေ့ကျင့်ခန်းက ၎င်းတို့လေးနိုင်ငံစလုံးရဲ့ ပထဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖိလစ်ပိုင်-ဂျပန်ပူးတွဲစစ်ရေးလေ့ကျင့်မှာ လုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ မိတ်ဖက်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့ဇွန်လက တောင်တရုတ်ပင်လယ်အတွင်းမှာ ဂျပန်၊ ဖိလစ်ပိုင်တို့နဲ့အတူ အလားတူစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို ထောက်ခံမှုတစ်စိတ်တစ်ပိုင်းအဖြစ် လေးနိုင်ငံစလုံးရဲ့ ရေတပ်နဲ့လေတပ် တပ်ဖွဲ့တို့ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေမိုင်(၂၀၀) သီးသန့်စီးပွားရေးဇုန်အတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်လုပ်ဆောင်နိုင်မှုတွေ တိုးတက်စေဖို့အတွက် အတူတကွဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်မှာ 'ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ရေကြောင်းစိန်ခေါ်မှုတွေကို အတူတကွဖြေရှင်းပြီး နိုင်ငံတကာ ဥပဒေနဲ့စည်းမျဥ်းအခြေခံတဲ့အမိန့်ကို လိုက်နာတဲ့ ကျွန်တော်တို့ရဲ့သဘောထားကို အလေးပေးဖော်ပြတာမျိုးဖြစ်ပါတယ်'လို့ ရေးသားထားပါတယ်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်ကပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ဖိလစ်ပိုင်နဲ့တရုတ်တို့ဟာ အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၎င်းတို့ရဲ့သင်္ဘောတွေတိုက်မိမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ