ဗြိတိန်မှာဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေက ပြည်တွင်းစစ်ဖြစ်လာဖွယ်ရှိနေတယ်လို့ အီလွန်မတ်ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၅
ဗြိတိန်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ဆန္ဒပြပွဲတွေက ပြည်တွင်းစစ်အသွင် ကူးပြောင်းသွားမယ့် အန္တရယ်မျိုးဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံရှိ မြို့အများအပြားမှာ ရွှေ့ပြောင်းသွားလာသူတွေ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားနေပြီး ရွှေ့ပြောင်းသွားလာသူတွေကိုလက်ခံကြိုဆိုလိုတဲ့အုပ်စုနဲ့ ဆန့်ကျင်သူအုပ်စုတွေ ရှိနေကြောင်းသိရပါတယ်။ အဆိုပါဆန္ဒပြပွဲများအတွင်း ဓါးနဲ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ကလေးငယ်သုံးဦး သေဆုံးခဲ့သလို လူအများပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိ Axel Rudakubana ဆိုသူက ဓါးနဲ့တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံသားတွေဟာ ဆန္ဒပြပွဲတွေအတွင်း ရွှေ့ပြောင်းသွား လာသူတွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ၊ အစ္စလာမ်ကို ဆန့်ကျင်တဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့သလို ဆန္ဒပြပွဲမှာပါဝင်သူအချို့က ဈေးဆိုင်တွေ၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းတာတွေရှိနေခဲ့ပါတယ်။
အီလွန်မတ်က "ဗြိတိန်မှာဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေဟာ ပြည်တွင်းစစ်ဖြစ်လာနိုင်တဲ့အခြေနေမျိုးရှိနေတယ်"လို့ ပြောပါတယ်။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ကူပါးက လမ်းတွေမှာအကြမ်းဖက်မှုတွေ ကျူးလွန်သူတွေဟာ ကြီးမားတဲ့ပေးဆပ်မှုတွေ ပြန်ပေးရမှာဖြစ်သလို ပြင်းထန်တဲ့အပြစ်ပေးမှုတွေရင်ဆိုင်ရမယ်လို့ပြောပါတယ်။ ဗြိတိန်အစိုးရကတော့ လမ်းတွေမှာ ဘေးကင်းလုံခြုံမှုတွေဖြစ်လာစေဖို့ လိုအပ်တဲ့အစီမံတွေ ချမှတ်နိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ချထားမယ်လို့ ပြောပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်းတစ်ဦးကတော့ အဲဒီဆန္ဒပြပွဲတွေရဲ့နောက်ကွယ်မှာ ရုရှားနိုင်ငံ ပါဝင်နေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောက်ကိုင် လေးကြိမ်မြောက် ဗုံးကြဲခံရပြီးနောက် MNDAA က သွေးရူး သွေးတန်းဖြင့် ဗမာများအပေါ် ပိုမဲလာမည့်အရေး စိုးရိမ်မှုများရှိနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ