Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ် လောဘတကြီး သြဇာနယ်မြေချဲ့ထွင်လာခြင်းကို အမေရိကန် တားဆီးနေ

Htay Oung (NSS) - ဩဂုတ် ၂

တောင်တရုတ်ပင်လယ်တစ်ခွင်လုံးနီးပါးနဲ့ ကျွန်းများ၊ သန္တာကျောက်တန်းများကို သူပိုင်ဆိုင်တယ်လို့ ပေကျင်း ရဲ့ ကြေညာချက်ဟာ အပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ ညီညွတ်ခြင်း မရှိကြောင်း ၂၀၁၆-ခုနှစ်မှာ ICJ က ဆုံး ဖြတ်ခဲ့ပြီးပါပြီ၊ ဒါပေမယ့် တရုတ်ဟာ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မထီမဲ့မြင်လုပ်ပြီး အဲ့ဒီရေပြင်မှာ ကျွန်းတုများ ဖန်တီးခြင်း၊ လေယာဉ်ပြေးလမ်းနဲ့ အခြေချ အဆောက်အဦးများ တည်ဆောက်နေတဲ့အပြင် အနီး အနားနိုင်ငံတို့ရဲ့ ရေပြင်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ကင်းလှည့်ခြင်းများကို ပုံမှန်လိုလို လုပ်ဆောင် လာပါတယ်။ ဒါ့အပြင်  တရုတ်ဟာ ထိုင်ဝမ်ကျွန်းတစ်ဝှိုက် သူ့ရဲ့ရန်လိုအနိုင်ကျင့်မှုကို အရှိန်မြှင့်တင်ခြင်းအားဖြင့် ဂျပန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်လာတယ်လို့ “ယူရိုအေးရှား တိုင်းမ်”ဇူလိုင်လ ၂၉ ရက်က  ရေးသားပါတယ်။


တောင်တရုတ်ပင်လယ်ဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၇ ထရီလီယံတန်ဖိုးရှိ နိုင်ငံတကာ ရေကြောင်းကုန်စည်များ ဖြတ်သန်းရာ ရေပြင်ဖြစ်ပါတယ်။ အဲ့ဒီ ပမာဏဟာ တစ်ကမ္ဘာလုံး ပင်လယ်ရေကြောင်း ကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံ ရှိနေပါတယ်။ ငါးဖမ်းဆီးခြင်း၊ ပင်လယ်ကြမ်းပြင်မှ ရေနံနဲ့ အဖိုးတန်သတ္တု သယံ ဇာများ တူးဖော်နိုင်ခြေအလားအလာများဟာ မဟာဗျူဟာအရ အရေးပါတဲ့ ပင်လယ်ရေလမ်းကြောင်းနဲ့ အတူ တည်ရှိနေပါတယ်။ 

တောင်တရုတ်ပင်လယ်မှာ သူတို့အပိုင်ဖြစ်ကြောင်း ပေကျင်းက မျဉ်းတို ၉-လိုင်းနဲ့ ဖော်ပြထားခြင်းဟာ ဘရူ နိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ အထူးသီးသန့်စီးပွားရေးဇုန် ရေပြင်များ ပါဝင်နေပါတယ်။ ဒီကိစ္စကို ဖိလစ်ပိုင်နိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တိုင်ကြားတဲ့အတွက် တရုတ်ရဲ့ လုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း ဆုံးဖြတ်ပြီး ဖိလစ်ပိုင်ကို အနိုင်ပေးခဲ့ပါတယ်။ 

တရုတ်ဟာ ICJ ရဲ့ ဆုံးဖြတ်ချက်ကို ဂရုမစိုက်ပဲ ၂၀၂၃-ခုနှစ်မှာ“ မျဉ်းတို ၁၀-လိုင်း ” အဖြစ် ပြင်ဆင်ပြီး ထိုင် ဝမ်ကျွန်းရဲ့ အရှေ့ဘက် ပင်လယ်ရေပြင်ကိုပါ သူတို့ပိုင်ဆိုင်ကြောင်း တိုးချဲ့ထည့်သွင်းပြန်ပါတယ်။ ကျယ်ပြန့် လှတဲ့ အဲ့ဒီ ပင်လယ်ရေပြင်ဧရိယာကြီးမှာ သူတို့တည်ရှိကြောင်း ပြသဖို့အတွက် စစ်သင်္ဘောများ၊ ကမ်းခြေစောင့် သင်္ဘောများနဲ့ ကင်းလှည့်မှုများကို တိုးမြှင့်နေပါတယ်။ဒီလုပ်ရပ်ဟာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်သ လို ဖြစ်လာပါတယ်။

မကြာသေးမီက တရုတ်ပြည်မကြီးနဲ့ သိပ်မဝေးတဲ့ ဂျပန်နိုင်ငံ ကာဒီနာ လေတပ်စခန်းမှာ  အမေရိကန်လေတပ် (USAF) က စွမ်းရည်မြင့် ပဉ္စမ မျိုးဆက် “အက်ဖ်-၂၂ ရက်ပ်တာ” တိုက်လေယာဉ်များကို တပ်စွဲလာကြောင်း တွေ့ရပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဝါရှင်တန်ဟာ သူ့ရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပြီး  ဒေသတွင်း မဟာ မိတ် တောင်ကိုရီးယား၊ ဂျပန်တို့နဲ့  နီးကပ်စွာ လုပ်ဆောင်လျက်ရှိပါတယ်။ 

ဒီနေရာမှာ အရေးကြီးအချက်တစ်ခု အနေနဲ့ အမေရိကန်လိုလားတဲ့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ ဖိ လစ် ပိုင်အစိုးရဟာ  စစ်အခြေစိုက်စခန်း အသစ်များဖန်တီးဖို့အတွက် ဝါရှင်တန်နဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်ရာ မှာ  ဦးဆောင်နိုင်ငံဖြစ်လာပါတယ်။ တရုတ်နဲ့ အမေရိကန် မဟာမိတ်အုပ်စုရဲ့ အပြန်အလှန် ရန်စောင်မှုဟာ  မျက်မှောက်ကမ္ဘာကြီးရဲ့ ပါဝါချိန်ခွင် လျှာအပေါ် ဘယ်လိုသက်ရောက်နေသလဲဆိုတာ သိရှိထားသင့်တဲ့ အချိန် ရောက်လာပြီလို့ ပြောရပါလိမ့်မယ်။

ပေကျင်းရဲ့ တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည်ရာမှာ အခြားနိုင်ငံများက သူတို့ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ရေပြင်အတွင်း ကျူးကျော်ဝင်ရောက်ခြင်းဟာ ပုံမှန်လိုလိုဖြစ်လာပါတယ်။ ဒါတင်မက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ကမ္ဘာ့အကြီးဆုံး ကမ်းခြေစောင့်သင်္ဘောကြီးကိုပါ ထည့်သွင်းအသုံးပြုလာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံတဲ့ ထိပ်တိုက်တွေ့နေရပါတယ်။

သူတို့ရဲ့ ကိုလိုနီဟောင်းဖြစ်တဲ့ ဖိလစ်ပိုင်မှာ ဒုတိယကမ္ဘာစစ်အပြီးတည်းက စစ်အခြေစိုက်စခန်းများ ထူထောင် ထားတဲ့ အမေရိကန်ဟာ ၁၉၄၆-ခုနှစ် လွတ်လပ်ရေးပေးလိုက်ရပြီးနောက်ပိုင်း အာဏာရှင်မားကို့စ်လက်ထက် အထိ ဆက်လက်တပ်စွဲခွင့် ရရှိခဲ့ပါတယ်။ ၁၉၉၁- ၁၉၉၂ တွင် ဖိလစ်ပိုင်ဆီးနိတ်လွှတ်တော်က အမေရိကန်စစ်စခန်းများ တည်ရှိခွင့်ကို ပယ်ချလိုက်တဲ့အတွက် ဆူးဘစ်ရေတပ်စခန်းနဲ့ ကလပ်လေတပ်စခန်းတို့ကို မနီလာထံ လွှဲပြောင်း ပေးအပ်ခဲ့ရပါတယ်။ 

ယခင် ဖိလစ်ပိုင်အစိုးရများနဲ့ သမ္မတ ရိုဒရီရို ဒူတာတေးတို့ရဲ့ တရုတ်ပြည်မကြီးကြီးကို ချိုချိုသာသာ လိုက် လျောဆက်ဆံရေး မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် ၁၉၉၉ နဲ့ ၂၀၁၄ ခုနှစ်များမှာ ဝါရှင်တန်နဲ့ သဘောတူ စာ ချုပ်သစ်များချုပ်ဆိုပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့များကို လှုပ်ရှားခွင့် ပြုခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် မှာ အမေရိကန် စစ်အခြေစိုက်စခန်းများအတွက် နေရာငါးခုထားရှိရန် သဘောတူညီခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ နောက်ထပ် လေးခုအထိ ထပ်မံတိုးချဲ့ထားပါတယ်။

အမေရိကန်ရဲ့ “အင်ဒိုပစိဖိတ်ဒေသ စစ်ဆင်ရေးကွပ်ကဲမှု” ဟာ ပင်တာဂွန်သမိုင်းမှာ ရှေးအကျဆုံးနဲ့ အကြီး မားဆုံး စစ်ဌာနချုပ် တစ်ခုဖြစ်ပါတယ် အမေရိကန်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှ အိန္ဒိယနိုင်ငံအထိနဲ့ အာတိတ်သမုဒ္ဒရာမှ အတ္တလန်တိတ်သမုဒ္ဒရာအထိ ကြီးမားကျယ်ပြန့်တဲ့ ဧရိယာကို လွှမ်းခြုံထားပါတယ်။ ကွပ် ကဲမှုဌာနချုပ်က ပစိဖိတ်သမုဒ္ဒရာ ဟာဝိုင်ယီကျွန်းမှာတည်ရှိပြီး ကြည်း၊ မရိန်း၊ ရေတပ်နှင့် လေတပ်ယူနစ်များ အပြင် ဂျပန်နဲ့ ကိုရီးယားနိုင်ငံများမှာ ဖြန့်ချထားတဲ့ တပ်များလည်း ပါဝင်ပါတယ်။ ကွပ်ကဲမှုမှာ အထူးစစ်ဆင် ရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အဖွဲ့များလည်း ထည့်သွင်း ဖွဲ့စည်းထားပါတယ်။ အမေရိကန် ပစိဖိတ်စစ်ရေယာဉ်အုပ်စု စစ်သင်္ဘောအစီး ၂၀၀ ခန့်ရှိပြီး ကမ်းတက်စစ်ဆင်နိုင်တဲ့ မရိန်းတပ်သား ၈၆,၀၀၀ ရှိပါတယ်။ လေတပ်မတော်မှာ လေယာဉ်အစင်းရေ ၄၂၀ ရှိပြီး ကွပ်ကဲမှု တစ်ခုလုံးမှာ အမှုထမ်း ၁၀၆,၀၀၀ ၊ အထူးစစ်ဆင်ရေး ဝန်ထမ်း ၁၂၀၀ နီးပါးရှိပါတယ်။

အလာစကာဒေသဟာ အာရှတိုက်အရှေ့ဖျားနဲ့ မြောက်အမေရိကတိုက်ဆုံရာမှာ တည်ရှိပြီး အမေရိကန်နိုင်ငံနဲ့ တစ်ဆက်စပ်တည်း မဟုတ်တဲ့ နယ်မြေဖြစ်ပါတယ်။ အလာစကာမှာ အမေရိကန်စစ်တပ်ရဲ့ ပစိဖိတ်အ နောက် မြောက်ပိုင်း စစ်ဆင်ရေးများကို ပံ့ပိုးရန်အတွက် ရေဒါများ၊ ဒုံးကျည်စနစ်စခန်းများနဲ့ လေတပ် စခန်းများရှိပါ တယ်။ အဲဒီတပ်တွေကို ရုရှားနိုင်ငံအနီး အလျုးရှင်း ကျွန်းများအထိ ဖြန့်ချထားပါတယ်။ 

ထိုင်ဝမ်ကျွန်းမှ မိုင်ပေါင်း ၁၇၀၀ ခန့်ဝေးကွာတဲ့ ပစိဖိတ် သမုဒ္ဒရာ ဂူအမ် ရေတပ်အခြေစိုက်စခန်းဟာ အရွယ်အ စားကြီးမားပြီး ရေစူးများတဲ့ သင်္ဘောများ ဆိုက်ကပ်ထားနိုင်တဲ့ ဆိပ်ကမ်းကြီး တစ်ခုပါဝင်ပြီး အမေရိကန်ရဲ့ မ ဟာဗျူဟာမြောက် ရေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်ပါတယ်။ အန်ဒါဆန် လေတပ်အခြေစိုက်စခန်းဟာ တန် ချိန်များစွာ သယ်ဆောင်နိုင်တဲ့ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များကို ဝန်ဆောင်မှုပေးနိုင်ပါတယ်။၂၀၁၇-ခုနှစ် မြောက်ကိုရီးယားက ဂူအမ်ကို ခြိမ်းခြောက်လာတဲ့အခါ  ကျွန်းမှာရှိတဲ့ စစ်သင်္ဘောများက စစ်ရေးအရ ထိထိ ရောက်ရောက် တုံ့ပြန်အင်အားပြသနိုင်ခဲ့ပါတယ်။ ဂူအမ်မှာရှိတဲ့ အခြေစိုက်စခန်းတွေဟာ  နိုင်ငံရပ်ခြားတိုက် လေယာဉ်များအတွက် လေ့ကျင့်ရေးအပါအဝင် ဒေသတွင်းရှိ တိုက်ခိုက်ရေးတပ်အမျိုးမျိုးတို့ကို လက်ခံပြီး စစ်ဆင်ရေးများကို ပံ့ပိုးပေးနေပါတယ်။

ရေတပ်အခြေစိုက်စခန်းမှာ သင်္ဘောပြုပြင်ရေး အဆောက်အအုံများ၊ ရေငုပ်သင်္ဘောတပ်ခွဲ၊ ကမ်းခြေစောင့်တပ် နဲ့ ရေတပ်အထူးစစ်ဆင်ရေးယူနစ်တို့လည်း တည်ရှိပါတယ်။ အမေရိကန်ရဲ့ ပစိဖိတ်ဒေသစစ်ဌာနချုပ်၊ အမှတ် ၇ ရေတပ်မတော်နဲ့ စစ်ယူနစ်အတော်များများတို့ရဲ့ အခြေစိုက်စခန်းဖြစ်ပါတယ်။ ရေငုပ်သင်္ဘောများ ပါဝင်တဲ့ အမှတ် ၇ ရေတပ်မတော်ဟာ ရေငုပ်သင်္ဘောများ ခြံရံလိုက်ပါတဲ့ လေယာဉ်တင်သင်္ဘောများနဲ့ အချိန်ရာသီ မရွေး ကင်းလှည့်သွားလာနေပါတယ်။

ဒိုင်ယေဂိုဂါးစီးယားကျွန်းဟာ အိန္ဒိယသမုဒ္ဒရာအတွင်း အိန္ဒိယနိုင်ငံရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ အိန္ဒိယ နိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ် ဗြိတိသျှပိုင်ဖြစ်ခဲ့ပေမယ့် မောရေးသျှနိုင်ငံကလည်း သူတို့အပိုင် ဖြစ် တယ်လို့ ဆိုနေပါတယ်။ ဒါပေမယ့် ICJ ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်က အသိအမှတ်မပြုပဲ အိန္ဒိယသမုဒ္ဒရာ အီ ကွေတာတောင်ဘက် ပင်လယ်ရပ်ခြား ပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။ ဒိုင်ယေဂိုဂါးစီးယား သန္တာကျွန်း ခွေများအနက် အကြီးဆုံးဖြစ်တဲ့ ချာဂိုကျွန်းမှာ  ဗြိတိန်စစ်အခြေစိုက်စခန်းတည်ရှိပြီး ပစိဖိတ်သမုဒ္ဒရာ ဂူအမ် ကျွန်းမှ အမေရိကန်တာဝေးပျံ ဗုံးကြဲလေယာဉ်များ တက်ဆင်းပြုလုပ်နိုင်စစ်ဆင်ရေး ပံ့ပိုးနိုင်ပါတယ်။   

အကျဉ်းချုပ်ပြောရရင် အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်တို့ရဲ့ ရန်လိုမှုကို တန်ပြန်ရန်အတွက် အ မေရိကန်အနေနဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်တို့မှာ စစ်အင်အားအခိုင်မာ ထားရှိနိုင်ပြီလို့ ဆိုရပါလိမ် မယ်။ ၂၀၂၂- ခုနှစ် ထိုင်ဝမ်မူဝါဒအက်ဥပဒေအရ ကျွန်းနိုင်ငံကို လုံခြုံရေးအကူအညီပေးထားပြီး "နေတိုး မဟုတ်သော အဓိကမဟာမိတ်" အဖြစ် အမေရိကန် စစ်ရေးအကြံပေးတွေရှိနေပါတယ်။

ဒါပေမဲ့ မဟာဗျူဟာမြောက် စစ်ပြင်ဆင်ရာမှာ အရပ်မျက်နှာ တစ်ခုတည်းကို ရွေးချယ်ခြင်းဟာ မိုက်မဲရာ ကျပါလိမ့်မယ်။ တရုတ်ရဲ့ နောက်ဖေးပေါက် အိန္ဒိယသမုဒ္ဒရာမှာ လုံခြုံရေး တင်းကျပ်ဖို့အတွက် နယူဒဒေလီကို QUAD စာချုပ်အဖွဲ့မှာထည့်သွင်းပြီး အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို ဟန့်တားဖို့အတွက်  နေတိုးမဟာမိတ် အဖွဲ့တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ 

(Eurosia Times., 29 July 2024,” Impossible For China To Dominate — U.S. Tightens Screws In Indo-Pacific To Check PLA, Fortify Allies & Military Bases.” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေရင်းဒေသများ ပျောက်ဆုံးခြင်းနှင့် အသိုက်ပျက်စီးခြင်းများသည် ကြိုးကြာခေါင်းနီငှက်များအတွက် ခြိမ်းခြောက်မှုဖြစ်နေ

RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved