နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှု တတိယအဆင့်ကို စတင်လိုက်ပြီလို့ ရုရှားစစ်ဘက် သတင်းထုတ်ပြန်
Pika (NSS) - ဇူလိုင် ၃၁
မဟာဗျူဟာမြောက်နျူကလီးယားလက်နက်အသုံးပြုမှု စစ်ရေးလေ့ကျင့်မှု တတိယအဆင့်ကို စတင်လုပ်ဆောင်ခဲ့တယ်လို့ ရုရှားအစိုးရက ဇူလိုင်လ (၃၁)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကော့ကေးဆပ်ဒေသက နေရာအများအပြားနဲ့ ခရိုင်းမီးယားကျွန်းဆွယ်အပြင် ရုရှားနဲ့ပူးပေါင်းခဲ့တဲ့ ဒေသလေးခုပါဝင်တဲ့ အလယ်ပိုင်းနဲ့တောင်းပိုင်းစစ်ဘက်ခရိုင်တွေမှာ လုပ်ဆောင်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားပါတယ်။ ရုရှားစစ်တပ်ရဲ့စစ်ဆင်ရေးအတွက် ဌာနချုပ်ရှိရာမြို့ဖြစ်တဲ့ Rostov-on-Don မြို့လည်း ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက 'မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့တွေရဲ့တတိယအဆင့် စစ်ရေးလေ့ကျင့်မှုကို စတင်နေပါပြီ”လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုအတွင်း Iskander-M ဒုံးကျည်စနစ်တွေနဲ့ အမျိုးမျိုးသောလေယာဉ်တွေပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။ ဒါ့ပြင် စစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့ စစ်သားတွေဟာ အထူးခဲယမ်းမီးကျည်တွေ လက်ခံရရှိတာတွေအပြင် ဒုံးကျည်စနစ်တွေနဲ့ လေယာဉ်တွေမှာ တပ်ဆင်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အနောက်အုပ်စုနိုင်ငံတွေနဲ့ ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့မေလအစောပိုင်းမှာ အမိန့်ပေးခဲ့တာလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စဉ့်ကူးမှ ဒုက္ခများ . . . (အင်တာဗျူး)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ