အစ္စရေးက ဟစ်ဇ်ဘိုလာခေါင်းဆောင်တစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် လက်ဘနွန်နိုင်ငံ၏ မြို့တော်အား ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်
ALynn (NSS) - ဇူလိုင် ၃၁
အစ္စရေးက ဟစ်ဇ်ဘိုလာခေါင်းဆောင်တစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရှိ အဆောက်အအုံတစ်ခုကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသတွင်း စစ်ပွဲများ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အင်္ဂါနေ့ ( ဇူလိုင်လ ၃၀ ရက်) ညနေပိုင်းက ဘေရွတ်မြို့ Haret Hreik ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လက်ဘနွန်မီဒီယာများက ဖော်ပြခဲ့သည်။ လေယာဉ်များ သို့မဟုတ် ဒရုန်းများ ပါဝင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း RT ၏ အာရပ်သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အဆိုပါတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ဂိုလန်ကုန်းမြင့်ရှိ ရွာတစ်ရွာကို စနေနေ့က ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးအရပ်သားအများအပြားသေဆုံးခဲ့သည့်အတွက် တာဝန်ရှိသော ဟစ်ဇ်ဘိုလာခေါင်းဆောင်အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က Majdal Shams မြို့ရှိ ရွာကို တိုက်ခိုက်ခြင်းဖြင့် ဟစ်ဇ်ဘိုလာသည် အနီရောင်မျဉ်းကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ကြောင်း မကြာသေးမီက နိုင်ငံခြားရေး ဝန်ကြီး Israel Katz ၏ မှတ်ချက်များအတိုင်း ဖော်ပြခဲ့သည်။
စနေနေ့က Majdal Shams မြို့၏ Druze ရွာတွင် လူ ၁၂ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ကာ ဘောလုံးကွင်းကို ဒုံးကျည် ထိမှန်ခဲ့သည်။ IDF သည် ယခုတုံ့ပြန်တိုက်ခိုက် မှုနှင့်ပတ်သက်၍ ၎င်းတို့တွင် တာဝန်မရှိကြောင်းနှင့် ဟစ်ဇ်ဘိုလာကိုသာ အပြစ်တင်ခဲ့သည်။ ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေး၏ တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ သေဆုံးသွားသော ခေါင်းဆောင်မှာ Fuad Shukr ဖြစ်ပြီး ၎င်းသည် ဟစ်ဇ်ဘိုလာအကြီးအကဲ Hassan Nasrallah ၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းအား ၁၉၈၃ ခုနှစ်၊ ဘေရွတ်မြို့ရှိ မရိန်းတပ်တန်းလျားများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဒုံးကျည်စီမံကိန်းတွင် အမေရိကန်က အလိုရှိသူတစ်ဦးအဖြစ် ဖော်ပြခံ ခဲ့ရသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် လအတော်ကြာ ဒုံးကျည်နှင့် ဒရုန်းများ အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး နယ်စပ် နှစ်ဖက်စလုံးတွင် နေထိုင်သူ ၂၀၀,၀၀၀ နီးပါးမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
အစ္စရေးသည် ဂါဇာရှိ ဟားမတ်စ်များကို ဆက်လက်ထိုးစစ်ဆင်နေသော်လည်း ဟစ်ဇ်ဘိုလာ အဖွဲ့အား လပေါင်းများစွာ စစ်ရေးအရ ခြိမ်းခြောက်ခဲ့သည်။ ဟစ်ဇ်ဘိုလာ၏ “အကြမ်းဖက် ရန်လိုမှုကို ရပ်တန့်ရမည်” ဟု ဇွန်လအစောပိုင်းတွင် အစ္စရေးသမ္မတ Isaac Herzog က ပြောကြားခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အစ္စရေး၏ လုပ်ရပ်ကို ကမ္ဘာက မအံ့သြသင့်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီလာရုစ်သမ္မတလူကာရှန်ကိုက သေဒဏ်ချမှတ်ခံရသော ဂျာမန်အမျိုးသားကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ