အမေရိကန်မှ ယူကရိန်းထံ ပေးပို့လိုက်သော အတွဲလိုက်ဗုံးများကို ဂျာမန်ပိုင်နက်မှတစ်ဆင့် ရွှေ့ပြောင်းခြင်းများလုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ
ALynn (NSS) - ဇူလိုင် ၂၇
ဂျာမနီက အမေရိကန်စစ်တပ်မှ အတွဲလိုက် ဗုံးအမျိုးအစားများစွာကို ယူကရိန်းသို့ မလွှဲပြောင်းမီ ၎င်း၏ပိုင်နက်တွင် သိမ်းဆည်းထားကြောင်း ဂျာမန်ရုပ်သံလိုင်း NDR က ကြာသပတေးနေ့ (ဇူလိုင်လ ၂၅ ရက်) တွင် ဖော်ပြခဲ့သည်။
ယင်းမှာ ဘာလင်သည် ကုလသမဂ္ဂ၏ တားမြစ်ပိတ်ပင်ထားသည့် လက်နက်သဘောတူညီချက်ကို ချိုးဖောက်ရာရောက်နေသော်လည်း ၎င်းက ငြင်းဆိုထားသည်။ အရပ်သားများကို အလွန်အမင်း အန္တရာယ်ဖြစ်စေသောကြောင့် ၂၀၀၈ ခုနှစ်၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် နိုင်ငံပေါင်း ၁၁၀ ကျော်က အတွဲလိုက်ဗုံးများကို တားမြစ်ထားသည်။ ၎င်းတို့သည် ကနဦး ပေါက်ကွဲမှုအပြီးတွင် မပေါက်ကွဲသေးသော ဗုံးအသေးစားများကို ဖြန့်ကြဲကာ နောက်ပိုင်းတွင် မိုင်းများဖြစ်လာနိုင်သည်။
အဆိုပါ အငြင်းပွားဖွယ် လက်နက်ခဲယမ်းများကို ဂျာမနီအနောက်ပိုင်း Miesau မြို့ရှိ အမေရိကန်ပိုင် ဂိုဒေါင်တစ်ခုတွင် သိမ်းဆည်းထားကြောင်း NDR က ပြောကြားခဲ့သည်။ ထို့နောက် ခဲယမ်းများကို ဝါရှင်တန်၏ စစ်ရေးအကူအညီ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းသို့ ပေးပို့သွားမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။ M864 နှင့် M483A1 အစုလိုက် ၁၅၅ မီလီမီတာ အမြောက်ကျည်များသည် Miesau အခြေစိုက်စခန်းတွင် သိမ်း ဆည်းထားသည့် ခဲယမ်းမီးကျောက်များထဲတွင် ပါဝင်ကြောင်း ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Cluster Munition Coalition ကို ကိုးကား၍ NDR က လက်နက်များ သယ်ယူခွင့်ပြုခြင်းသည် ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကုလသမဂ္ဂသဘောတူစာချုပ်ကို ဂျာမနီက ချိုးဖောက်နေကြောင်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်ဟု ဖော်ပြလာသည်။
သဘောတူညီချက်အရ အဆိုပါ ခဲယမ်းအမျိုးအစားများကို ပြည်နယ်အစိုးရ ၏ နယ်မြေအတွင်း သိမ်းဆည်းခြင်းနှင့် သယ်ယူခြင်းတို့ကို တားမြစ်ထား သည်။ ၎င်းသည် “ဤကွန်ဗင်းရှင်းတွင် မပါဝင်သောနိုင်ငံများအား အစု လိုက်အပြုံလိုက်လက်နက်များအသုံးပြုခြင်းမှလည်း တားမြစ်ရန် လက်မှတ်ရေးထိုးထားသောနိုင်ငံများက လိုက်နာရန်တာဝန်ရှိသည်”ဟု ဖော်ပြထား သည်။ NDR ၏ အဆိုအရ ဘာလင်သည် ကိယက်ဗ်သို့ အမေရိကန်၏ အတွဲလိုက် ဗုံးများထောက်ပံ့မှုနှင့်ပတ်သက်၍ မသိကျိုးကျွံပုံစံ ပြုလုပ်နေသည်ဟု သိရသည်။ ရုပ်မြင်သံကြားမှမေးမြန်းရာတွင် ဂျာမန်အာဏာပိုင်များက အခြေအနေနှင့်ပတ်သက်၍ မသိရှိကြောင်း ငြင်းဆိုခဲ့သည်။
နိုင်ငံကိုဖြတ်၍ အမေရိကန်က သယ်ယူလာသော လက်နက်များ၏ အကြမ်းဖျင်း အမျိုးအစားခွဲခြားသတ်မှတ်မှုကိုသာ သိရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်သည် ဂျာမနီနိုင်ငံမှတဆင့် ခဲယမ်းများပို့ဆောင်ရာတွင် စာရင်းသွင်းထားသော် လည်း ဂျာမန်စစ်တပ်သည် “လက်နက်ခဲယမ်းတစ်ခုချင်းစီ၏ အမျိုးအစားများကို သိရှိခြင်းမရှိကြောင်း” ဝန်ကြီးဌာနကဆိုသည်။ ဝန်ကြီးဌာန၏ အဆိုပါထုတ်ပြန်ချက်များသည် ဂျာမန်စစ်တပ်မှ တင်ပို့သည့် အကြောင်း အရာများနှင့်ပတ်သက်၍ အမေရိကန်စစ်တပ်ဥရောပနှင့် အာဖရိကစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူထံမှ NDR လက်ခံရရှိထားသည့် အချက်အ လက်များနှင့် ကွဲပြားနေသည်။ ခဲယမ်းအားလုံး၏ ရွှေ့ပြောင်းမှုကို ဂျာမန်တပ်၏ထောက်ပံ့ပို့ဆောင်ရေးဗဟို (National Movement Control Center) (NMCC) နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးထောက်လှမ်းရေးလေယာဉ်သည် ပင်လယ်နက်အတွင်း ကြားဖြတ်ပျံသန်းမှုများပြုလုပ်ခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ