သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမှနုတ်ထွက်ခဲ့ရခြင်းနဲ့ပတ်သက်ပြီး ပြောဆိုလိုက်ကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဇွန်လအတွင်းကျင်းပခဲ့တဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ မျှော်လင့်သလောက်ရလဒ်မကောင်းတဲ့အတွက်ပြင်းထန်တဲ့ဝေဖန်မှုများရင်ဆိုင်ခဲ့ရပါတယ်။
ဒီမိုကရက်တစ်ပါတီအားပေးထောက်ခံသူတွေက ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာလအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဒီမိုကရက်တစ်ပါတီ ထိပ်သီးခေါင်းဆောင်တွေကို တောင်းဆိုခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတက "ဒီမိုကရေစီကို ကာကွယ်ပေးတာထက် ပိုမိုအရေးကြီးတဲ့ခေါင်းစဉ်မျိုးမရှိဘူး၊ ဒီမိုကရေစီကို ကယ်တင်ခြင်းထက်အခြားကြီးကျယ်တဲ့အရာမရှိဘူး၊ ဒါဟာ ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးရည်မှန်းချက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ အမေရိကန်သမ္မတအဖြစ်ဆက်လက်တာဝန်ယူဖို့ လိုလားပေမယ့် ကျွန်တော့်ထက်နိုင်ငံကို ပိုမိုချစ်ခင် နှစ်သက်မြတ်နိုးတယ်။ ဆက်လက်လုပ်ဆောင်ရမယ့် အကောင်းဆုံးနည်းလမ်းမှာ မျိုးဆက်သစ်ဆီသို့ မီးရှူးတိုင်ကို လွှဲပြောင်းပေးဖို့ ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ခဲ့တယ်။လူငယ်တွေရဲ့အသံတွေကို ဦးစားပေးရမယ်။ ကျွန်တော်တို့ နိုင်ငံစုစည်းညီညွတ်ဖို့ အကောင်းဆုံးနည်းလမ်းက လူငယ်တွေအသံတွေဖော်ထုတ်ဖို့ဖြစ်တယ်"လို့ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်မီဒီယာတွေအပါအဝင် ပြည်သူများက ဂျိုးဘိုင်ဒန်ဟာ အသက် ၈၁ နှစ်အရွယ်ရှိနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ကြံ့ခိုင်မှုပိုင်းကောင်းမွန်မှုမရှိကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ခြေချော်ကျတာ၊ စကားအပြောဆိုမှားယွင်းတာတွေမကြာခဏဖြစ်လာခဲ့ရာကြံ့ခိုင်မှုပိုင်းအတွက် ပြစ်တင်ခံနေရသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ