အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
အမေရိကန်ရဲတပ်ဖွဲ့ဟာ US Capitol အပြင်ဘက်မှာပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်းလိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒပြမှုတွေကို ငရုတ်ကောင်းမှုန့် ထည့်ထားတဲ့ စပရေးဘူးတွေအသုံးပြုကာဖြိုခွင်းခဲ့ရကြောင်း သိရပါတယ်။
ပါလက်စတိုင်းလိုလားကြောင်း ပြသလိုတဲ့ အမေရိကန်ပြည်သူတွေဟာ အမေရိကန်လွှတ်တော်အတွင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု မိန့်ခွန်းပြော ဆိုမှု မတိုင်ခင် ဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်လွှတ်တော် အဆောက်အအုံးကို လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ဟာ အကြမ်းဖက်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲတပ်ဖွဲ့က "ဆန္ဒပြအုပ်စုတွေဟာ သတိပေးမှုတွေကို လိုက်နာဖို့ ပျက်ကွက်ပြီး သတ်မှတ်ထားတဲ့ စည်းတွေကို ကျော်လွန်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သတ်မှတ်ထားတဲ့စည်းကိုကျော်လွန်လာတဲ့ ဆန္ဒပြသူတွေကို ဟန့်တားနိုင်ဖို့ ငရုတ်ကောင်းအမှုန့်တွေ ရောစပ်ထားတဲ့စပရေးဘူးတွေ အသုံးပြုပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်။ နေတန်ရာဟု မိန့်ခွန်းပြောဆိုမှုမတိုင်ခင် (၁)နာရီခွဲအလိုလောက်က ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တယ်။ ဒါပေမဲ့နောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့က တားဆီးထားတဲ့အတားဆီးတွေကို ကျော်ဖို့ ကြိုးပမ်းလာခဲ့တယ်"လို့ပြောပါတယ်။
အမေရိကန်လုံခြုံရေးတပ်ဖွဲ့တွေဟာ လွှတ်တော်အတွင်း အစ္စရေးဝန်ကြီး ချုပ်နေတန်ရာဟု မိန့်ခွန်းပြောဆိုခြင်းနဲ့ပတ်သက်ပြီး လုံခြုံရေးတင်းကြပ်ထားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆန္ဒပြပွဲမှာ အော်စကာဆုရ သရုပ် ဆောင်တွေလည်းပါဝင်ခဲ့ပြီး မင်းသမီးတစ်ဦးဖြစ်တဲ့ ဆူဆန်ဆာရမ်ဒွန် ကိုယ်တိုင် စင့်မြင့်ပေါ်တက်ရောက်ကာ ဂါဇာစစ်ပွဲအတွင်း လူအများအပြား သေဆုံးမှုတွေကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ