တရုတ်ရဲ့ရန်စမှုတွေကို တုံ့ပြန်နိုင်အောင် ဖိလစ်ပိုင် နဲ့ ဂျပန်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မယ့် စာချုပ်အသစ်ချုပ်ဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၈
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ ဂျပန်နိုင်ငံနဲ့ ကာကွယ်ရေးစာချုပ်ကို ဇူလိုင်လ ၈ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ကြောင်းသိရပါတယ်။ အဆိုပါစာချုပ်ထဲမှာ ဖိလစ်ပိုင် နဲ့ ဂျပန်တို့ဟာ ၎င်းတို့တပ်ဖွဲ့ဝင်တွေကို အပြန်အလှန်ဖြန့်ကြက်ချထားခွင့်ပေးမယ့်အချက်တွေလည်း ပါဝင်နေကြောင်းသိရပါတယ်။
ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံကြား အသစ်ချုပ်ဆိုလိုက်တဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ဟာ တရုတ်နိုင်ငံကို စိတ်ဆိုးဒေါသဖြစ်မှု ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့ဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ချုပ်ဆိုရေးအတွက် ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှာစတင်ဆွေးနွေးခဲ့ပြီးနောက် လက်ရှိအချိန်မှာသဘောတူညီခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင် နဲ့ ဂျပန်နိုင်ငံတို့ဟာ အမေရိကန်နိုင်ငံရဲ့အာရှတိုက်အတွင်းရှိ အဓိကမဟာမိတ်နိုင်ငံများအဖြစ် နှစ်ပေါင်းများစွာကြာရပ်တည်နေခဲ့ကြောင်းသိရပါတယ်။ တရုတ်အစိုးရက အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသမှာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့လိုမျိုးအဖွဲ့ဖွဲ့စည်းရပ်တည်ဖို့ ကြိုးပမ်းနေကြောင်း မကြာသေးမီက စွပ်စွဲခဲ့ဖူးပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေပြီး တရုတ်ကမ်းခြေစောင့်စစ်သင်္ဘောတွေက ဖိလစ်ပိုင်ကမ်းခြေစောင့်စစ်သင်္ဘောတွေကို ဝင်တိုက်တာ၊ တားဆီးနှောင့်ယှက်တာတွေရှိခဲ့ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံဟာလည်း လက်ရှိအချိန်မှာ အရှေ့တရုတ်ပင်လယ်အတွင်းမှာ ဂျပန်နိုင်ငံနဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မှာဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် အက်တယ် သတင်းထုတ်ပြန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ