သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို အီရန်ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်
Pika (NSS) - ဇွန် ၁ဝ
အီရန်ပြည်ထဲရေးဝန်ကြီးဌာနဟာ ယခုလအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း(၆)ဦးရဲ့နောက်ဆုံးစာရင်းကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အီရန်သမ္မတအီဘရာဟင်ရိုင်စီဟာ ပြီးခဲ့တဲ့မေလက ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ပြီး နောက် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်လောင်းတွေကို အီရန်လွှတ်တော် က အတည်ပြုထားတဲ့ဥပဒေအပေါ် ဗီတိုအာဏာကိုင်ဆောင်ထားတဲ့ Guardian Council က အတည်ပြုပေးခဲ့တာ ဖြစ်ပြီး ဘယ်သူက သမ္မတရာထူး ရယူနိုင်မလဲဆိုတာကိုလည်း ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ Masoud Pezeshkian၊ Mostafa Pour Mohammadi၊ Saeed Jalili၊ Alireza Zakani၊ Amirhossein Qazizadeh Hashemi နဲ့ Mohammad Bagher Ghalibaf တို့ဟာ လာမယ့် ဇွန်လ (၂၈) ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ အီရန်ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ (၉)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Mohammad Bagher Ghalibaf ဟာ အီရန်လွှတ်တော်ရဲ့လက်ရှိဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ Mohammad Bagher Ghalibaf ဟာ ၂ဝဝ၅ ခုနှစ် နဲ့ ၂ဝ၁၃ ခုနှစ်တို့မှာ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့်လည်း အောင်မြင်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ Amirhossein Qazizadeh Hashemiဟာ လက်ရှိမှာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေပြီး Alireza Zakani ဟာ တီဟီရန်မြို့တော်ဝန်ဖြစ်တယ်လို့လည်း သိရပါတယ်။ ၎င်းတို့ သုံးဦးစလုံးကို သဘောထားတင်းမာသူတွေအဖြစ် ယူဆမှုတွေရှိနေပြီး Masoud Pezeshkian ကိုတော့ ပြုပြင် ပြောင်းလဲရေးသမားအဖြစ် ရှုမြင်ထားကြပါတယ်။
ဒါ့ပြင် Mostafa Pour Mohammadi ဟာ ကွန်ဆာဗေးတစ် ဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး Saeed Jalili ဟာ အီရန် အမျိုးသားလုံခြုံရေးကောင်စီကို ၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၃ ခုနှစ်အထိ ဦးဆောင်ခဲ့ဖူးသူဖြစ်သလို အကြီးတန်း နျူကလီးယားညှိနှိုင်းရေးမှူးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ နိုင်ငံခြားရေး ဝန်ကြီး Hossein Amir-Abdollahian တို့ဟာ ပြီးခဲ့တဲ့မေလ(၁၉)ရက်က အဇာဘိုင်ဂျန်ပြည်နယ်ကို သွားရောက် လည်ပတ်စဉ်အချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်ကွေ့နိုင်ငံ(၆)နိုင်ငံကို ဆက်သွယ်ပေးမယ့်ကီလိုမီတာ(၂၁၀ဝ)ကျော်ရှည်တဲ့ ပင်လယ်ကွေ့ မီးရထားလမ်းအကြောင်း (ဗဟုသုတဆောင်းပါး)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ