နေတန်ရာဟုရဲ့စစ်ပွဲလိုလားတဲ့ဝန်ကြီးများအဖွဲ့ကနေ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းဘန်နီဂန့်ဇ်နှုတ်ထွက်
Pika (NSS) - ဇွန် ၁၀
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့ စစ်ပွဲလိုလားတဲ့ဝန်ကြီးများအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘန်နီဂန့်ဇ်ဟာ စစ်ပွဲလိုလားတဲ့ဝန်ကြီးများအဖွဲ့ကနေ နှုတ်ထွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း မကြာမီ စစ်ပွဲလိုလားတဲ့ဝန်ကြီးများအဖွဲ့ထဲကို ဝင်ရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းဘန်နီဂန့်ဇ်ဟာ နေတန်ရာဟုရဲ့ မူဝါဒတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ကိုးကားပြီး ၎င်းရဲ့နှုတ်ထွက်မှုကို ဇွန်လ(၉)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ဘန်နီဂန့်ဇ်က 'နေတန်ရာဟုဟာ စစ်မှန်တဲ့အောင်ပွဲကို မရအောင် ကျွန်တော်တို့ကို တားဆီးနေတာပါ။ ဒါကြောင့်မလို့ စစ်ပွဲလိုလားတဲ့ဝန်ကြီးများအဖွဲ့ကနေ ဒီနေ့ပဲနှုတ်ထွက်လိုက်တာပါ'လို့ ပြောဆိုခဲ့ပါတယ်။ ဘန်နီဂန့်ဇ်က ယခုလိုကြေညာပြီးနောက် မကြာမီ အစ္စရေးစစ်ဦးစီးချုပ်ဟောင်း Gadi Eisenkot ကလည်း စစ်ပွဲလိုလားတဲ့ဝန်ကြီးများအဖွဲ့ကနေ နှုတ်ထွက်သွားခဲ့တယ်လို့သိရပါတယ်။ ဒါ့ပြင် အစ္စရေးလွှတ်တော်ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yechiel Tropper ကလည်း အလားတူကြေညာချက်မျိုးကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဘန်နီဂန့်ဇ်ကို တိုက်ပွဲတွင်းကနေ ထွက်မသွားဖို့နဲ့ ယခုအချိန်ဟာ အမှန်တကယ်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရမယ့်အချိန် ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရန်သူတွေကို အောင်နိုင်ဖို့အတွက် ကူညီပေးလိုတဲ့ ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ နေတန်ရာဟုက ထပ်မံပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တပ်နဲ့ ကမ္ဘာမကျေလောက်တဲ့ ရန်ငြိုးမျိုးရှိခဲ့ပေမယ့် တိုင်းပြည်မျက်နှာ ကြည့်ခဲ့သူ (အတ္ထုပ္ပတ္တိ)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ