ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ အမေရိကန်အစိုးရအဆောက်အဦးနားမှာ ပါလက်စတိုင်းလိုလားသူအများအပြား ထပ်မံ ဆန္ဒပြ
ဂျန်ဇက် (NSS) - ဇွန် ၈
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအစိုးရ အဆောက်အဦးအနီး ပါလက်စတိုင်းလိုလားသူများက ဆန္ဒပြပွဲတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ဆန္ဒပြသူတွေဟာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ကို အဓိကထားတောင်းဆိုခဲ့သလို လုံခြုံရေးအစီအမံတွေလည်း ချထားခဲ့ ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေဟာ အမေရိကန်အစိုးရအဆောက်အဦးနားမှာ လမ်းတွေပိတ်ဆို့ဆန္ဒပြခဲ့ပြီး ဘူတာရုံ၊ လေဆိပ် နဲ့ တံတားတွေကို ပိတ်ဆို့ဆန္ဒပြခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေး နဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရရဲ့မူဝါဒတွေကို မနှစ်သက်တဲ့အတွက် အမေရိကန်အစိုးရတာဝန်ရှိသူ အနည်းဆုံး ၉ ဦးခန့် ရာထူးကနေ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ဆန္ဒပြသူတွေရဲ့လုပ်ရပ်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်မယ့် အမေရိကန်သမ္မတကို အဟန့်တားများဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေက "ဒီသီတင်းပတ်အတွင်း ဝါရှင်တန်မြို့မှာ ဆန္ဒပြသွားမယ်။ ဆန္ဒပြမယ့်အုပ်စုဟာ ပိုမိုကြီးမားလာဖို့ရှိနေတယ်။ အစိုးရ ရုံးအဆောက်အဦးမှာ လည်း အများပြည်သူ ဘေးကင်းစေဖို့ နဲ့ ဖြိုခွင်းမှုမခံရအောင် လုံခြုံရေးအစီမံတွေလုပ်ဆောင်ထားတယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို လက်ခံပေမယ့် အကြမ်းဖက်မှုများနဲ့ ဝရုန်းသုန်းကားဖြစ်ခြင်းတွေ ကို လက်မခံနိုင်ကြောင်း ပြောဆိုထားပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားတဲ့စစ်ပွဲဟာ ဇွန်လ ၇ ရက်မှာ ၈ လပြည့်မြောက်ခဲ့ပေမယ့် လက်ရှိအချိန်အထိ တိကျတဲ့သဘောတူညီမှုမျိုး မရသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ