ယူကရိန်းအစိုးရက အမေရိကန်၏ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များအား ရပ်တန့်ပေးစေလို
ALynn (NSS) - ဇွန် ၈
ရုရှားနှင့် ပဋိပက္ခများ အရှိန်မြင့်လာချိန်မှစ၍ အမေရိကန်နှင့် ယူကရိန်းအစိုးရများကြား ဆက်ဆံရေးသည် အနိမ့်ဆုံးအခြေအနေသို့ရောက်ရှိ၊ ယိုယွင်းလာခဲ့သည်။ ယူကရိန်းတွင် များပြားလှသော အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်၏ ဖိအားပေးမှုကြောင့် တင်းမာလာ ခြင်းလည်းဖြစ်သည်။ အမေရိကန်နှင့် ယူကရိန်းအရာရှိများအကြား ဆက်ဆံရေးမှာ သဘော ထားကွဲလွဲမှုများ ကြီးထွားလာနေကြောင်း NBC သတင်းက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အထူးသဖြင့် ယူကရိန်းအစိုးရသည် အမေရိကန်ဖက်မှ လက်နက်များ ပေးပို့ ရာတွင် နှောင့်နှေးမှုနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ရန် အဆက်မပြတ် ဖိအားပေးမှုများကြောင့် ဆက်ဆံရေးအပေါ် သက်ရောက်လာခြင်းလည်းဖြစ်သည်။
ယူကရိန်း၏ အကျင့်ပျက်ခြစားမှု ပြဿနာများနှင့်ပတ်သက်၍ ကိစ္စများသည် “အကြိမ်ကြိမ် သဘောထား ကွဲလွဲမှုများ” ဖြစ်ပေါ်စေခဲ့ကြောင်း လက်ရှိနှင့် အစိုးရအရာရှိဟောင်းများက NBC သို့ ပြောကြားခဲ့သည်။ "ယူကရိန်း အရာရှိများက ၎င်းကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သံအမတ်ကြီး Bridget Brink အား အထူးစိတ်ပျက်နေကြောင်း" လည်း ဖော်ပြခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် စစ်မြေပြင်တွင် နယ်မြေများဆုံးရှုံးနေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေး ယန္တရားသည် ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာအကူအညီများ ဆက်လက်စီးဆင်းနေစေရန် ရုန်းကန်နေရချိန်၌ နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်။ ခြောက်လကြာ နှောင့်နှေးခဲ့ရပြီးနောက် ဧပြီလတွင် ယူကရိန်း အကူအညီအသစ်အတွက် အမေရိကန်လွှတ်တော်အမတ်များသည် ဒေါ်လာ ၆၁ ဘီလျံကို အတည်ပြုခဲ့သည်။ ဘိုင်ဒင်သည် ရုရှားပိုင်နက်အတွင်း ပိုမိုနက်ရှိုင်းသောပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ယူကရိန်း အသုံးပြုနိုင် သည့် တာဝေးပစ်ဒုံးကျည်များ ကဲ့သို့သောလက်နက်များကို ခွင့်ပြုရန် တွန့်ဆုတ်နေသည်။
ယူကရိန်းခေါင်းဆောင်များသည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတရားရုံးနှင့် အထူးအစိုးရ ရှေ့နေရုံးကို ငွေကြေးထောက်ပံ့မှုများ တိုးတက်မှုရှိနေသော်လည်း ပြောင်းလဲမှုများပြုလုပ်ရန် ပိုမိုဖိအားပေးနေခြင်းကြောင့် အမေရိကန်၏ သံအမတ်သည် “မလိုအပ်သောတင်းမာမှုများ” ဖန်တီးခဲ့သည်ဟု ယူကရိန်းခေါင်းဆောင်များက ယူဆနေကြောင်း NBC က ပြောကြားခဲ့သည်။
ရုရှားနှင့်ပဋိပက္ခသည် ယူကရိန်းအတွက် လာဘ်ပေးလာဘ်ယူမှု၊ လာဘ်စားမှုများနှင့် အခြားသော အကျင့်ပျက်ခြစားမှုများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးနေကြောင်း အမေရိကန်စစ်တပ်၏ စစ်ဆေးရေးမှူးချုပ်က ပြီးခဲ့သည့်လတွင် လွှတ်တော်အမတ်များအား အစီရင်ခံစာတစ်စောင်တွင် သတိပေးခဲ့သည်။ ဥရောပတွင် တာဝန်ခံမှုအနည်းဆုံး အစိုးရများထဲမှ တစ်ခုဖြစ်သည့် ယူကရိန်းတွင် ကာကွယ်ရေးအရင်းအမြစ် များကို အလွဲသုံးစားမှုနှင့်ပတ်သက်သည့် အရှုပ်တော်ပုံများစွာ ရှိနေကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယူကရိန်းအစိုးရသည် ရုရှား၏ တိုက်ခိုက်မှုကို တွန်းလှန်နေသကဲ့သို့ ပြည်တွင်း၌ အကျင့်ပျက်ခြစားမှုတိုက်ဖျက် ရေးကိုလည်း ဆက်လက်လုပ်ဆောင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ယူကရိန်းသို့ ပြီးခဲ့သည့်လက သွားရောက်လည်ပတ်စဉ်တွင် ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုက သမ္မတဇီလန်စကီးအား ရာထူးမှ ဖယ်ရှားလိမ့်မည်ဟု ရုရှားအစိုးရ သုံးသပ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ