ကုလသမဂ္ဂက အစ္စရေးအား ပဋိပက္ခအတွင်း ကလေးသူငယ်များကို အန္တရာယ်ပြုသည့် “အမည် ပျက်စာရင်း” တွင် ထည့်သွင်း
ALynn (NSS) - ဇွန် ၈
ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း အစ္စရေးစစ်တပ်၏ ပြင်းထန်သော ထိုးစစ်များကြောင့် ပါလက်စတိုင်း ကလေးငယ်များ ထောင်နှင့်ချီ သေဆုံးစေခဲ့ သည့်အတွက် ကုလသမဂ္ဂက အစ္စရေးအား “အမည်ပျက်စာရင်း” တွင် ထည့်သွင်းထားကြောင်း အစ္စရေးသံတမန်က အတည်ပြုပြောကြားလိုက် သည်။
သောကြာနေ့ (ဇွန်လ ၇ ရက်) က ဆိုရှယ်မီဒီယာတစ်ခုတွင် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Gilad Erdan က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ဆုံးဖြတ်ချက်ဖြစ်သော တရားဝင် အကြောင်းကြားစာကို လက်ခံရရှိထားကြောင်း ပြောကြားခဲ့သည်။
"ဒီဆုံးဖြတ်ချက်ဟာ ဒေါသထွက်စရာဖြစ်ပြီး မှားယွင်းနေပါတယ်" ဟု Erdan က ယင်းလုပ်ရပ်ကို ရှုတ်ချသည့် ဗီဒီယိုနှင့်အတူ ရေးသားခဲ့သည်။ “ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ တပ်မတော်ဟာ ကမ္ဘာပေါ်မှာ ကိုယ်ကျင့်တရား အကောင်းဆုံးလို့ ပြောဆိုတုံ့ပြန်ခဲ့ပါတယ်။ အမည်ပျက်စာရင်းသွင်းရမည့်သူမှာ အစ္စရေးကို အမုန်းပွားစေသော အကြမ်းဖက်ဝါဒကို လှုံ့ဆော်ပေးပြီး အားပေးအားမြှောက်ပြုနေသော အထွေထွေ အတွင်းရေးမှူးချုပ်ပဲဖြစ်တယ်။ သံအမတ်ကြီး Erdan ရဲ့ဗီဒီယိုမှတ်တမ်းနဲ့ Twitter မှာ ၎င်းရဲ့တုံ့ပြန်ချက်ကို ထုတ်ပြန်လိုက်တာဟာ ထိတ်လန့်စရာကောင်းပြီး လက်ခံနိုင်စရာမရှိသလို၊ ဒီအဖွဲ့အစည်းကို ထမ်းဆောင်ခဲ့တဲ့ ၂၄ နှစ်တာအတွင်း ကျွန်တော် တစ်ခါမှမမြင်ဖူးတဲ့အရာတစ်ခုပါ" ဟု ကုလသမဂ္ဂအထွေအထွေ အတွင်းရေးမှူး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Dujarric က ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာတစ်ဝှမ်းရှိ ပဋိပက္ခအတွင်း ကလေးသူငယ်များ နှစ်စဉ်အစီရင်ခံတွင် ဂါဇာကမ်းမြောင်ပဋိပက္ခကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း နှင့် ၎င်းအစီရင်ခံစာကို ဇွန်လ ၁၄ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် “ကလေးငယ်များအား သတ်ဖြတ်ခြင်း၊ ကိုယ်ကျိုးရှာခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်ခြင်း များ စသော ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက် သူများစာရင်း” ကို ထုတ်ပြန်သွားမည်ဖြစ်သည်။
ဂူတာရက်စ်သည် ရုရှား၊ ကွန်ဂို၊ ဆိုမာလီယာ၊ ဆီးရီးယား နှင့် ဟေတီတို့ကို ထည့်သွင်းထားသော “ရှက်စရာကောင်း သောနိုင်ငံများ” စာရင်းတွင် အစ္စရေးကို ထည့်သွင်းရန် ပျက်ကွက်ခဲ့ခြင်းအတွက် ပါလက်စတိုင်းအခွင့်အရေး ထောက်ခံ သူများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အမည်ပျက်စာရင်းသည် ကလေးသူငယ်များအပေါ် စော်ကားမှုများတွင် ပါဝင်နေသည့် ကျူးလွန်သူများအတွက်သာ ရည်ရွယ်သည်။ သို့သော် ၎င်းစာရင်းသည် အခြားနိုင်ငံများက ပြစ်မှုကျူးလွန်သူများကို လက်နက်ရောင်းချခြင်းကို ကန့်သတ်ရာတွင် အသုံးပြုနိုင်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ တံတားများမိုင်းခွဲခံရပြီး (၂)ပတ်ကျော်အကြာတွင် ကုန်ကားတစ်စီး ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ