Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဇင်ဘာဘွေသမ္မတက ရုရှားအား အမြဲတမ်းမဟာမိတ်အဖြစ် သတ်မှတ်ကြောင်း ကြေညာ

ALynn (NSS) - ဇွန် ၈ 

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုအောက်တွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ခံစားခဲ့ရပြီးနောက် ဇင်ဘာဘွေ နိုင်ငံသည် ရုရှားကို “ကမ္ဘာလုံးဆိုင်ရာ အမြဲတမ်းမဟာမိတ်” အဖြစ် မှတ်ယူကြောင်း နှင့် ဗဟုကမ္ဘာအဖြစ် ပေါ်ထွန်း လာမှုကို ကြိုဆိုကြောင်း ဇင်ဘာဘွေသမ္မတ အီမာဆင် အမ်နန်ဂါဂွာက စိန့်ပီတာစဘတ်တွင် သောကြာနေ့ (ဇွန်လ ၇ ရက်) က ပြောကြားခဲ့သည်။ 

“အနောက်နိုင်ငံတွေက ယခုအချိန်ထိ တစ်နိုင်ငံတည်းဗိုလ်ကျစိုးမိုး‌ရေးကို ဆက်လက်ဖန်တီးဖို့ ကြိုးပမ်းနေခြင်းမှာ ဝမ်းနည်းစရာကောင်းပြီး လက်ခံနိုင်စရာမရှိပါဘူး” ဟု စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ၏ မျက်နှာစုံညီအစည်းအဝေးတွင် အမ်နန်ဂါဂွာက ပြောကြားခဲ့သည်။ ထို့ပြင် “ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးနှင့် နိုင်ငံတကာစီးပွားဆက်ဆံရေးအခင်းအကျင်းများတွင် ဧကဝင်ရိုးကမ္ဘာအတွက် နေရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

အမေရိကန်နှင့် EU တို့သည် ကွယ်လွန်သွားသည့် ဇင်ဘာဘွေသမ္မတဟောင်း Robert Mugabe ၏ အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ၂ဝဝ၃ ခုနှစ် တွင် ဇင်ဘာဘွေ အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ အဆိုပါကန့်သတ်ချက်များကို မတ်လတွင် ရုတ်သိမ်းခဲ့သော်လည်း တစ်လအကြာတွင် အမေရိကန်က အလားတူ လူ့အခွင့် အရေးနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာကိစ္စရပ်များကြောင့် သမ္မတအမ်နန်ဂါဂွာနှင့် ၎င်း၏ ထိပ်တန်းအရာရှိအများအပြားအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။ အမ်နန်ဂါဂွာက ဤအစီအမံများကို “အသရေဖျက်မှု” အဖြစ် ရှုတ်ချခဲ့ပြီး အနောက်အုပ်စုသည် လွန်ခဲ့သော ၂၄ နှစ် ကတည်းက ၎င်းတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ထိန်းချုပ်ထားသည်ဟု သောကြာနေ့က စွပ်စွဲပြစ်တင်ခဲ့ သည်။

ဇင်ဘာဘွေဒုသမ္မတ ကွန်စတန်တီနို ချီဝိန်းဂါက ပိတ်ဆို့အရေးယူမှုများ စတင်လုပ်ဆောင်ချိန်မှစ၍ နိုင်ငံ၏ စီးပွားရေးသည် ဒေါ်လာ ၁၅၀ ဘီလျံကျော် ထိခိုက်နစ်နာခဲ့ကြောင်း ပြီးခဲ့သည့်နှစ်က ဖော်ပြခဲ့သည်။ Institute of Security Studies Africa မှ ၂၀၂၂ ခုနှစ်အစီရင်ခံစာအရ အဆိုပါ စီးပွားရေးပြစ်ဒဏ်များကြောင့် ဇင်ဘာဘွေကို “အန္တရာယ်မြင့်မားသောနိုင်ငံ” အဖြစ် သတ်မှတ်လာခြင်းဖြင့် ဇင်ဘာဘွေမှ ရင်းနှီးမြှုပ်နှံသူများ စွန့်ခွာသွား စေကြောင်း တွေ့ရှိခဲ့သည်။


နိုင်ငံအနည်းငယ်က လွှမ်းမိုးထားသည့် ပထဝီဝင်နိုင်ငံရေးဟောင်းသည် ကမ္ဘာ့တောင်ပိုင်းရှိ ကျွန်ုပ် တို့နိုင်ငံအများစု ကို အမြဲတမ်းဘေးဖယ်ထားခဲ့သည့်အတွက် လက်ခံနိုင်စရာမရှိတော့ကြောင်း၊  BRICS နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုပြီး ဇင်ဘာဘွေ၏ ကျွမ်းကျင်လုပ်သားအင်အား၊ ကြွယ်ဝသော အရင်းအမြစ်များနှင့် ကုန်ထုတ်လုပ်မှု စွမ်းအားများကို အသုံးချနိုင်ရန် ရုရှား ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပါကြောင်း၊ ၎င်းတို့၏ အကူအညီဖြင့် နိုင်ငံအား ၂၀၃ဝ ပြည့်နှစ်တွင် အလယ်အလတ်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် ဖန်တီးသွားရန် ရည်မှန်းထားကြောင်း သမ္မတ အမ်နန်ဂါဂွာက စိန့်ပီတာစဘတ်တွင် ပြောကြားခဲ့သည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ကြာသပတေးနေ့က ဆွေးနွေးမှုအတွင်း သမ္မတအမ်နန်ဂါဂွာက ရုရှားနိုင်ငံမှ ကူညီပံ့ပိုးပေးခဲ့သော စားနပ်ရိက္ခာ၊ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထောက်အပံ့များအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ဇင်ဘာဘွေနိုင်ငံရှိ လူဦးရေထက်ဝက်မှာ ငတ်မွတ်မှုအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီးနောက် ယခုနှစ် အစောပိုင်းတွင် ရုရှားမှ  ဂျုံတန်ချိန် ၂၅,၀၀၀ နှင့် ဓာတ်မြေသြဇာ တန်ချိန် ၂၃,၀၀၀ ကို လှူဒါန်းခဲ့ကြောင်း ဇင်ဘာဘွေအစိုးရမှ ဖော်ပြခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သံတွဲမြို့နယ်က တိုက်ပွဲများကြောင့် ငပလီမြို့ အပါအဝင် ပင်လယ်ကမ်းနားကျေးရွာအချို့မှ ဒေသခံများ ပိတ်မိနေ

RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved