လက်ရှိအချိန်မှာ ရုရှားနဲ့ ငြိမ်းချမ်းရေးရယူနိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ယူကရိန်းသမ္မတ ထပ်မံပြောဆို
ဂျန်ဇက် (NSS) - ဇွန် ၁
ရုရှားနိုင်ငံနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမယ့် သဘောတူညီချက်တွေဟာ ထောင်ချောက်တစ်ခုဖြစ်လာဖွယ်ရှိနေပြီး လက်ရှိအချိန်မှာငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့မဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြောပါတယ်။
လက်ရှိအချိန်မှာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးထိပ်သီးအစည်း အဝေးကို ဦးစားပေးလုပ်ကိုင်နေကြောင်း၊ ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို ဇွန်လအတွင်း ဆွစ်ဇာလန်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ အဆိုပါထိပ်သီးအစည်းအဝေးမှာ ရုရှားနိုင်ငံကို ဖယ်ချန်ထားမှာဖြစ်ကြောင်း၊ ရုရှားနိုင်ငံဟာ အဆိုပါထိပ်သီးအစည်းအဝေးကိုအသုံးချမှာစိုးရိမ်တဲ့အတွက် ဖယ်ချန်ထားခြင်းမျိုးဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ ရုရှားနိုင်ငံမှာ ပူတင် သမ္မတအဖြစ်ဆက်လက်ရှိနေချိန်ကာလပတ်လုံး ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပိတ်ပင်သွားဖွယ်ရှိနေကြောင်း သမ္မတဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းသမ္မတက "ပူတင်ဟာ အလွန်အန္တရာယ်ရှိတဲ့သူဖြစ်တယ်။ စိုးရိမ်ကြောက်ရွံ့စရာကောင်းတဲ့သူဖြစ်တယ်။ ရုရှားရဲ့ရန်လိုမှုတွေ အဆုံးသတ်ဖို့ဆိုရင် တိုက်ပွဲတွေမှာ ပိုမိုစွမ်းရည်ကောင်းအောင်လုပ်ပြဖို့ လိုအပ်တယ်"လို့ ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား ဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၃)နှစ်အတွင်းရောက်ရှိလာပေမယ့် အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရာ ရုရှားက ယူကရိန်းပိုင်နက်တွေကို သိမ်းပိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်မြောက်ပိုင်းတွင် FPNCC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တချို့ကြား နယ်မြေလုသည့်အငြင်းပွားမှုများကြောင့် တင်းမာမှုများ ဆက်ဖြစ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ