ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တရုတ်အစိုးရ တက်ရောက်မှာမဟုတ်ဟုဆို
Pika (NSS) - မေ ၃၁
လာမည့်လတွင် ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမည့် ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်မည်မဟုတ်ဟု တရုတ်ဘက်က အတည်ပြုခဲ့ကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသော သတင်းရင်းမြစ်လေးခုကပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးကို တက်ရောက်သင့်သည့် အခြေအနေမျိုးမဟုတ်သောကြောင့် ဖိတ်ကြားမှုကို တရုတ်ဘက်က ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်သုံးခုကပြောကြားခဲ့သည်။ ဇွန်လ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိကျင်းပမည့် ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ကမ္ဘာတစ်ဝှမ်းမှ ခေါင်းဆောင်များကို ဆွစ်ဇာလန်အစိုးရက ဖိတ်ကြားခဲ့ကြောင်းလည်းသိရသည်။သို့သော်လည်း အဆိုပါအစည်းအဝေးကို တက်ရောက်ရန် ရုရှားနိုင်ငံကို ဖိတ်ကြားထားခြင်းမျိုးမရှိကြောင်းလည်းသိရသည်။ ရုရှား၊ ယူကရိန်းနှစ်နိုင်ငံစလုံးက အသိအမှတ်ပြုသည့် အစည်းအဝေးကိုသာ တရုတ်နိုင်ငံကထောက်ခံကြောင်းနှင့် ပါတီအားလုံးတန်းတူညီမျှပါဝင်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေလ(၂၇)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ထို့အပြင် ရုရှားနှင့်ယူကရိန်းတို့ ပါဝင်နိုင်သည့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးပွဲကို တရုတ်နိုင်ငံက စီစဉ်ပေးနိုင်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က မေလ(၃၀)ရက်နေ့တွင် အကြံပြုပြောဆိုခဲ့ကြောင်းသိရသည်။
ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးတွင် ပါဝင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်ကို ယူကရိန်းသမ္မတဇီလန်စကီးက ပြီးခဲ့သည့်ဇန်နဝါရီလတွင် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။အဆိုပါအစည်းအဝေးပွဲကို တက်ရောက်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ဇီလန်စကီးကတိုက်တွန်းခဲ့သော်လည်း အမေရိကန်အစိုးရက မည်သူအားစေလွှတ်မည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NLD ပါတီနာယက သူရဦးတင်ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ